Monday, November 28, 2016

ဖောင်းပြင်မြို့နယ်တွင် ချောင်းကမ်းပါး ပြိုကျရာမှသေနတ် အဟောင်း ၃၇ လက် တွေ့ရှိ

ဖောင်းပြင်မြို့နယ် စစ် သောင် ကျေးရွာအုပ်စု ငရွေး ချောင်းကျေးရွာအနီး ကျောက်ခုံ ချောင်း ကမ်းပါးပြိုကျရာမှ သံချေးတက်နေသော သေနတ်အဟောင်း ၃၇ လက်ကို တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သတင်းရရှိသည်။ နိုဝင်ဘာ ၂၅ ရက်က ငရွေး ချောင်းကျေးရွာနေ တောင်သူတစ်ဦးသည် နွားများလိုက်လံ သိမ်းဆည်းစဉ် ကျောက်ခုံချောင်း ကမ်းပါးပြိုကျခြင်းကြောင့် ထွက်ပေါ်လာသော သံချေးတက်နေ သည့် သေနတ်အဟောင်းလေး လက်ကို စတင်တွေ့ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။ ‘‘တောင်သူတစ်ယောက်က နွားတွေလိုက်သိမ်းရင်း ချောင်း ကမ်းပါးပြိုကျလို့ သံချေးတက်နေ တဲ့ သေနတ်လေးလက်ကို အရင် တွေ့တယ်။ သေနတ်အဟောင်း တွေ့တဲ့အကြောင်း အုပ်ချုပ်ရေး မှူးကတစ်ဆင့် အကြောင်းကြား လို့ နယ်မြေခံ တပ်မတော်နဲ့ မြို့ နယ်ရဲတပ်ဖွဲ့တို့ သွားရောက်စစ် ဆေးတဲ့အခါ သေနတ်အဟောင်း ၃၇ လက်အထိ တွေ့ရှိခဲ့တာဖြစ် ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။



 သေနတ် အဟောင်းများ တွေ့ရှိသည့်သတင်းအရ ဖောင်းပြင်တပ်နယ်နှင့် ဖောင်းပြင်မြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ များသည် ယင်းနေရာသို့ နိုဝင်ဘာ၂၆ ရက်တွင် သွားရောက်စစ်ဆေး ရာ သံချေးတက်နေသော ရိုင်ဖယ် သေနတ်အဟောင်း ၂၉ လက်နှင့် ကာဘိုင်သေနတ်လေးလက်တို့ ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

သိမ်းဆည်းရမိခဲ့သော သေ နတ်အဟောင်းစာရင်းများအရ ကာဘိုင်သေနတ်ငါးလက်နှင့် ရိုင် ဖယ်သေနတ် ၃၂ လက် စုစုပေါင်း ၃၇ လက်ဖြစ်ပြီး သေနတ်ဒင်မပါ၊ကာဗာမပါ၊ မောင်းတံ၊ မောင်းတုံး၊ နောက်ချိန်ဆိုဒ်၊ ခလုတ်ကာ ကွင်းနှင့် ခလုတ်ပါသော သံချေးတက်နေသည့် သေနတ်အဟောင်း များဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သိမ်းဆည်းရမိသော သေ နတ်အဟောင်းများကို သက်ဆိုင် ရာတပ်မတော်သို့ အပ်နှံထား ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရုံးမှ သတင်းရရှိသည်။ မျိုးမင်းဦး

No comments:

Post a Comment