Sunday, November 20, 2016

ဒုတိယ၀န်ကြီးတာဝန်မှ ရပ်စဲခဲ့ခြင်းသည် တစ်ဖက်စကားကိုသာနားထောင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ဟု ဒေါက်တာထွန်းဝင်းပြော


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီးရာထူးမှ ရပ်စဲခဲ့ ခြင်းသည် နှစ်ဖက် စကားကို နား ထောင်ခြင်း မရှိဘဲ တစ်ဖက်၏စကား ကိုသာ နားထောင်ပြီးလုပ်ဆောင် ခဲ့ ခြင်းဖြစ်ကြောင်း တာ ၀န်မှ ရပ်စဲခံရ သူ ဒေါက်တာထွန်းဝင်းက မီဒီယာ များနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒုတိယ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေ သည့် ဒေါက်တာထွန်းဝင်း အား အ မိန့်အမှတ်၅၉/ ၂၀၁၆ ဖြင့် နိုဝင်ဘာ ၁၈ ရက်က တာဝန်မှ ရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း နိုင် ငံတော် သမ္မတရုံးက ကြေညာ ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာထွန်းဝင်းက " ကျွန် တော့်မှာ တိုင်းပြည်အတွက်လုပ်ရင်း နဲ့ ရပ်စဲတဲ့အထိဖြစ်တယ်ဆိုတော့ Something wrong ပေါ့။ ကျွန်တော် တို့မှာ ဒီမိုကရေစီဆိတ်သုဉ်းနေပြီ လား၊ အမှန်တရားပျောက်ကွယ်နေ ပြီးလား၊ အမှန်တရား အတွက်ရောက် အောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဖြေ ရှင်းပုံဖြေရှင်းနည်းတွေလိုနေပြီလို့ထင်တယ်။ တစ်ဖက်နားနဲ့ ဖြေရှင်း တာကတော့ အမှားပဲလေ။ အမှားလို့ ပဲယူဆတယ်။ ဒါကိုသူတို့ ဖြေရှင်းဖို့ လိုတယ် " ဟု ဒေါက်တာထွန်းဝင်းက မီဒီယာများအား ပြောကြားခဲ့သည်။
ဒေါက်တာထွန်းဝင်းက ဆက် လက်ပြီး " ကျွန်တော်တို့က အမှန်ပဲ လိုချင်တာ ။ ပြည်သူအတွက်က အ မှန်ပဲလိုချင်တယ်။ ဘယ်ပါတီမဆိုအ မှန်ပဲဗျာ၊ ပြည် သူအတွက် အမှန်လုပ် နေသမျှ ဒီလူက၊ တိုင်းပြည်အတွက် အမှန်လုပ်နေတဲ့ လူကတိုင်းပြည်အ တွက် တန်ဖိုးရှိတဲ့သူပဲ။ ပြည်သူအ တွက်အမှန်လုပ်နေ သူနော်၊ ခြမစား ဘူး။ အကျင့်မပျက်ဘူး။ တိုင်းပြည်တိုး တက်ရာတိုး တက်ကြောင်း ကို စူးစိုက် လုပ်တဲ့သူ၊ ဒီလူကအမှန်ရပ်တာပဲ။ ကျွန်တော် ဒီအယူအဆ နဲ့သွားနေတာ ပေါ့။ ဒီလောက်အထိ လူတစ်ယောက် က အန္တရာယ်မရှိလောက်ပါဘူး။ ရှေး တုန်းက ဗိုလ်ချုပ်ကြီးတွေကိုဝေဖန် တာတောင် ဘာမှမဖြစ်တာ။ အခုကျ မှ ဒါလေးမှားတာနဲ့ သေဒဏ်ပေးတဲ့ သဘောမျိုးဖြစ်တာကတော့ တော် တော်အကျည်းတန်ပါတယ် " ဟု ပြော သည်။
ဒေါက်တာထွန်းဝင်းက " မထုတ် ပယ်မီ နှစ်ရက်အလိုခန့်က သမ္မတရုံး ကနေပြီး စာနှစ်စောင်ပေးပို့ခဲ့ပါတယ်။ အဲဒီစာနှစ်စောင်မှာ မိမိဘာသာနုတ် ထွက်လိုကနုတ်ထွက်ရန်နဲ့ ဥပဒေအရ ထုတ်မယ်ဆိုတဲ့ အကြောင်းကြား စာ နှစ်စောင်ရောက်ပါတယ်။ ကျွန်တော် က နိုဝင်ဘာ ၁၈ ရက်မှာ အကြောင်း ကြားစာပို့ခဲ့ပါတယ်။ နောက်နေ့သတင်း စာမှာ ရပ်စဲကြောင်းတွေ့ရတာပါပဲ " ဟုပြောသည်။
CNB,MMK

No comments:

Post a Comment