Wednesday, November 23, 2016

မသန်စွမ်း စွမ်းရည်ပြသနိုင်ရန် မုံရွာမှ မန္တလေးသို့ ၀ှီးချဲဖြင့် သွားမည်

 မသန်စွမ်းသူများ၏ သန် စွမ်းမှုစွမ်းရည်ပြသသည့်အနေ ဖြင့် မုံရွာမှ မန္တလေးမြို့သို့ ၀ှီးချဲဖြင့် သွားရောက်ရန် စီစဉ်ဆောင်ရွက် နေကြောင်း ရွှေမင်းသားဖောင် ဒေးရှင်း(မြန်မာ)မှ သတင်းရရှိ သည်။ ဒီဇင်ဘာ ၃ ရက်တွင် ကျ ရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြု သောအားဖြင့် မသန်စွမ်းသူများ သည် နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ မုံရွာမြို့မှ မန္တလေး မြို့သို့ ၀ှီးချဲအသုံးပြု၍ စွမ်းရည် ပြသမည်ဖြစ်ကြောင်း ရွှေမင်း သားဖောင်ဒေးရှင်း(မြန်မာ) အမ ရပူရမြို့နယ် လက်ထောက်တာ ၀န်ခံ ဦးမျိုးမင်းထွန်းက ပြောကြားသည်။ ‘‘မုံရွာကနေ နိုဝင်ဘာ ၂၈ ရက်စထွက်မယ်။ မန္တလေးမြို့ကို  ဒီဇင်ဘာ ၂ ရက်ရောက်မယ်။ လမ်းတစ်လျှောက်မှာ ညအိပ်နား တဲ့ မြို့တွေမှာ ပြင်ဦးလွင်မျက်မ မြင်ကျောင်းက တေးဂီတအဖွဲ့ က ဧည့်ခံဖျော်ဖြေမယ်။ မသန် စွမ်းသူများနဲ့ ပတ်သက်တဲ့ အသိ ပညာပေးဟောပြောပွဲတွေလည်း ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။  ဒီဇင်ဘာ ၃ ရက်မှာ မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အခမ်းအနားကျင်းပသွား မှာဖြစ်ပါတယ်’’ဟု ဦးမျိုးမင်းထွန်း က ပြောကြားသည်။



မသန်စွမ်းသူများ၏ စွမ်း ရည်ပြပွဲတွင် ရန်ကုန်နှင့် မန္တလေး မြို့များမှ မသန်စွမ်း ၀ှီးချဲတွန်းသူ ၂၇ ဦး၊ စက်ဘီးစီးသူ နှစ်ဦး၊ အ မြင်အာရုံချို့တဲ့သူ ၁၅ ဦးတို့ပါဝင် မည်ဖြစ်ပြီး အုပ်ချုပ်သူများနှင့် ဆေးအဖွဲ့များ ၎င်းတို့နှင့်အတူ လိုက်ပါမည်ဖြစ်ကြောင်း သိရ သည်။

မုံရွာမြို့ မြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၇ ရက်ည၌ ပြင်ဦးလွင် မျက်မမြင်တေးဂီတအဖွဲ့ ဖျော်ဖြေပွဲနှင့် မသန်စွမ်းသူများ အသိပညာပေးဟောပြောပွဲ ကျင်းပမည်ဖြစ်သည်။

နိုဝင်ဘာ ၂၈ ရက်တွင် မုံရွာ မှ ချောင်းဦး၊ နိုဝင်ဘာ ၂၉ ရက် တွင် ချောင်းဦးမှ မြင်းမူ၊ နိုဝင်ဘာ ၃၀ ရက်တွင် မြင်းမူမှ အုန်းတော၊ ဒီဇင်ဘာ ၁ ရက်တွင် အုန်းတော ကျေးရွာမှ စစ်ကိုင်း၊ ဒီဇင်ဘာ ၂ ရက်တွင် စစ်ကိုင်းမှ မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ပန်းဝင်မည်ဖြစ်သည်။

မန္တလေးမြို့သို့ ရောက်ရှိချိန် တွင် မသန်စွမ်းအရေး လှုပ်ရှား နေသော အရပ်ဘက်လူမှုအဖွဲ့ အစည်းများဖြင့် အပြည်ပြည်ဆိုင် ရာမသန်စွမ်းသူများနေ့ အထိမ်း အမှတ် လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းသူများ၏ စွမ်း ရည်ပြပွဲကျင်းပရခြင်းသည် မသန် စွမ်းသူများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု ကို ဖော်ထုတ်ပြသရန်၊ မသန် စွမ်းအမျိုးအစားမတူညီကြသော မသန်စွမ်းသူများ၏ ပူးပေါင်း ဆောင်ရွက်နိုင်မှုကို ဖော်ထုတ်ပြ သရန်၊ မသန်စွမ်းသူများ၏ သန် စွမ်းမှုစွမ်းရည်များကို မသန်စွမ်း သူများ ကိုယ်တိုင်သိရှိနားလည် တတ်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံ သားများသည် မသန်စွမ်းသူများ ကို ပိုမိုသိရှိနားလည်နိုင်စေရန်၊  ရွှေမင်းသားဖောင်ဒေးရှင်း (မြန် မာ)နှင့် ပြင်ဦးလွင်မျက်မမြင်သင် တန်းကျောင်းတို့၏ လုပ်ငန်းများ အတွက် ရန်ပုံငွေများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရ သည်။

မုံရွာ- မန္တလေး လမ်းတစ် လျှောက် စွမ်းရည်ပြသမည့် မသန်စွမ်းသူများအဖွဲ့များသို့ ဆက် သွယ်လှူဒါန်းလိုပါက ရွှေမင်း သားဖောင်ဒေးရှင်း (မြန်မာ)အဖွဲ့ များသို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သတင်းရရှိသည်။ မျိုးမင်းဦး

No comments:

Post a Comment