Tuesday, November 22, 2016

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ပြည်သူငါးဆယ်ခန့်မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်

ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်ပြီး ဒီမိုကရေစီ ရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အား စု M.D.C.F က နိုဝင်ဘာ၂၁ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ် တရားရုံးသို့ လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ရင်ဆိုင်နေကြရကြောင်း၊ စားဝတ်နေရေးအတွက် အဆမတန် အလုပ်လုပ်နေကြရကြာ မန်မာနိုင်ငံတွင်နေထိုင်ပြီး မြန်မာနိုင်ငံထွက်ဆန်စပါးများကို နိုင်ငံသူနိုင်ငံသားများပြည့် ပြည့်၀၀မစားရဘူးဆိုလျှင် မြန်မာနိုင်ငံ ၌လူဖြစ်ရခြင်းသည် အရှုံးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ဆန္ဒပြပွဲဦးဆောင်လှုပ် ရှားသူ ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုM.D.C.F မှ ကိုစန်းအောင်ဝင်း(ခ) ကိုမှတ်ကြီးက နိုဝင်ဘာ၂၁ရက်က ဒီမိုကရေစီတူဒေး သို့ပြောသည်။

""လက်ရှိအစိုးရကို ကျွန်တော် တို့ပြည်သူတွေ ကျွန်တော်တို့ကိုယ်တိုင် တင်မြှောက်ထားတာ။ ဒီနေ့ ဒီအချိန် ပြည်သူလူထုတွေ ကုန်ဈေးနှုန်းကြီးမှု ဒဏ်ကိုခံနေရတယ်။ လက်ရှိအစိုးရ အနေနဲ့ ပြည်သူလူထုကို ဘယ်လိုပြန် ကြည့်မလဲ၊ ဘယ်လိုလုပ်ပေးနိုင်မလဲ ကျွန်တော်တို့ အဲဒါကိုသိချင်ပါတယ်""ဟု ၎င်းင်းကပြောသည်။
ပြည်သူများမှာ ယုံကြည်စွာဖြင့် မဲပေးခဲ့ကြသည့်အတွက် ပြည်သူ့အ စိုးရတစ်ရပ်ဖြစ်ပေါ်လာခဲ့ပြီး ယခု ပြည်သူလူထုက ကုန်ဈေးနှုန်းကြီးမြင့် မှုဒဏ်ကိုခံစားနေကြရချိန်တွင်လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအား မည်သို့ပြန်လည်ဖန် တီးပေးမည်ကိုသိလိုကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။
""လူတစ်ယောက်က ငါးထောင် ရတယ်။ ဒါပေမဲ့ သူတို့မိသားစုရဲ့အိမ် မှာကုန်ကျစရိတ်က ငါးထောင်ထက် မကဘူးကုန်နေတယ်။ ကျန်တဲ့စားဝတ် နေရေးတွေကို လုံလုံလောက်လောက် မဖြေရှင်းနိုင်ဘူး။ ကျန်းမာရေး၊ သာ ရေးနာရေးရှိတယ်။ လှူချင်ရင်တောင် လှူနိုင်တဲ့အခြေအနေမရှိဘူး။ အဲဒီ တော့ ဒီကုန်ဈေးနှုန်းကြီးမြင့်မှုက ပြည် သူလူထုအတွက် အရမ်းကိုကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခုပါပဲ""ဟု ကိုစန်း အောင်ဝင်း(ခ)ကိုမှတ်ကြီးက ပြော သည်။
ဆန္ဒပြသူအင်အားငါးဆယ်ခန့် ပါဝင်သည့် အဆိုပါဆန္ဒထုတ်ဖော်မှု ကိုပြုလုပ်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တရားဝင်အကြောင်း ကြားစာပေးပို့ပြီး ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းဆန္ဒထုတ် ဖော်မှုတွင်ပါဝင်သူများသည် မဟာ ဗန္ဓုလပန်းခြံရှေ့
မှစတင်ကာ ကျောက် တံတားမြို့နယ် တရားရုံးသို့လမ်း လျှောက်ဆန
္ဒထုတ်ဖော်ခဲ့ကြပြီး လမ်း တစ်လျှောက်တွင် တရားစီရင်ရေးဖြောင့် မတ်မှန်ကန်ရေး၊၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ဖျက်သိမ်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး စသည့်ကြွှေးကြော်သံ များ သံပြိုင်ရွတ်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment