Thursday, November 17, 2016

"စက်သုံးဆီဈေးကြီးမြင့်မှုကို ဖြေရှင်းနိုင်ရန်ကြိုးစား"

ပြည်တွင်းမှာ စက်သုံးဆီဈေးမြင့်တက်လာနေတာကို ဖြေရှင်းနိုင်ဖို့ စက်သုံးဆီ ထုတ်တဲ့နိုင်ငံတွေကနေ တိုက်ရိုက် ဝယ်ယူတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ လက်ရှိမှာ စင်ကာပူနိုင်ငံကနေ တစ်ဆင့်ခံ ဝယ်ယူ နေတာဖြစ်ပြီး တစ်လကို အောက်တိန်း၊ ဒီဇယ် စတဲ့စက်သုံးဆီ တန်ချိန်သုံးသိန်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံက သွင်းတာ မဟုတ်တာကြောင့် စင်ကာပူမှာရောင်းတဲ့ ဈေးအတိုင်း မရောင်းနိုင်ဘဲ တစ်ဆင့်ဈေးနဲ့ ရောင်းနေတာဖြစ်ပါတယ်။ ပြည်တွင်း စက်သုံးဆီဈေးက ပြီးခဲ့တဲ့လအတွင်း အောက်တိန်း(92) တစ်လီတာကို  ကျပ် ၅၇၀ ၀န်းကျင် ပေါက်ဈေးကနေ အခု လဆန်းပိုင်းမှာ တစ်လီတာကို  ကျပ် ၆၃၀ အထက်ပေါက်ဈေးအထိဖြစ်ပေါ်ခဲ့ ပါတယ်။ ကမ္ဘာ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့လနဲ့ အခုလအတွင်း ကွာခြားချက် မများပေမယ့် ပြည်တွင်းဆီဈေးနှုန်း ကတော့ ကွာခြား ချက်မြင့်မားခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment