Wednesday, November 23, 2016

"ရေဆိုးသန့်စင်စက်ရုံအသစ်တွေ တည်ဆောက်ဖို့ တင်ဒါခေါ်မယ်"

ရန်ကုန်မြို့ရဲ့ ရေဆိုးသန့်စင်ရေး စက်ရုံ(မိလ္လာ) အတွက် စက်ရုံ နှစ်ရုံ အသစ်ထပ်မံတည်ဆောက်ဖို့ ၂၀၁၇ နှစ်စမှာ တင်ဒါခေါ်ယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။ လက်ရှိမှာ ရေဆိုးသန့်စင် စက်ရုံ(မိလ္လာ)ဟာ သန်လျက်စွန်း တစ်ခုတည်းသာ ရှိသေးတာကြောင့် တိုးပွားလာတဲ့ လူဦးရေနဲ့ လိုအပ်ချက် အတွက် တင်ဒါ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာပါ။ ရန်ကုန်မြို့ရဲ့ မိလ္လာစနစ်ဟာ သက်တမ်းတစ်ရာကျော်သွားပြီဖြစ်တဲ့ ဖရေဇာပလန် ပိုက်လိုင်း မိလ္လာစနစ်ကို မြို့တွင်းခြောက်မြို့နယ်မှာ ဒီနေ့အထိ အသုံးပြုလျက်ရှိပြီး ကျန်၃၃ မြို့နယ်ကတော့ မိလ္လာကန်ပြည့်တဲ့အခါ မော်တော်ယာဉ်နဲ့ စုပ်ထုတ်တဲ့ စနစ်ကိုသာ ကျင့်သုံးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment