Saturday, November 19, 2016

ဦးမျိုးရန်နောင်သိမ်းအား အာမခံပေးခွင့်မရှိကြောင်း ကမာရွတ်မြို့နယ်တရားရုံးတွင် အမိန့်ချ

" ဥပဒေအရ ရပိုင်ခွင့် အားလုံးကိုတော့ ဆက်လုပ်သွားမှာပါ။ ကျွန်တော် ဥပဒေကိုပေါ့။ လက်ရှိတည်ဆဲ ဥပဒေကိုတော့ မချိုးဖောက်ပါဘူး။ ဒါပေမယ့် မတရားတဲ့ အမိန့်အာဏာ ဥပဒေမှန်သမျှ တာဝန်အရတော့ ဖီဆန်ဖို့ကတော့ ကျွန်တော်တို့ တာဝန်ပါပဲ။ " လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) ဃ နဲ့ တရားစွဲခံထားရ တဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။ နိုဝင်ဘာလ ၁၇ ရက်၊ မနက်ပိုင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) ဃ နဲ့ တရားစွဲခံထားရတဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန် အဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့ နယ်တရားရုံးမှာ ပထမအကြိမ်အဖြစ် အမှုကို တရားစွဲတင်ရာတဲ့အခါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက် တွဲ ဇယား အပိုဒ် (၅) အရ အာမခံပေးခွင့်မရှိကြောင်း တရားရုံးက အမိန့်ချမှတ် လိုက်ပါတယ်။

No comments:

Post a Comment