Saturday, November 19, 2016

တရုတ်နိုင်ငံရဲ့ ပထမဆုံးလေယာဉ်တင်သင်္ဘော တိုက်ပွဲမှာ အသုံးပြုဖို့ အသင့်ဖြစ်နေပြီဟုဆို

တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကို တိုက်ပွဲမှာ အသုံးပြုဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါဟာ တ ရုတ်ကမ်းရိုးတန်းတွေနဲ့ ဝေးကွာတဲ့နေရာတွေအထိ အင်အားပြဖို့ အကြီးအကျယ် အားစိုက်ထုတ်နေ ရတဲ့ တရုတ်ရေတပ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ရန်သူတွေကို တိုက်စစ်ဆင် နိုင်ဖို့ သင်္ဘောကို အမြဲပြင်ဆင်ထားတယ်လို့ Liaoning သင်္ဘောကြီးရဲ့ နိုင်ငံရေးသင်တန်းမှူးက ဂလို ဘယ်တိုင်းမ်သတင်းစာကို ပြောပါ တယ်။ စီနီယာကပတိန်လီတောင်ယု ရဲ့ စကားဟာ သည်သင်္ဘောက စွမ်းဆောင်ရည်အပြည့်အဝရှိနေပြီ လို့ ဖော်ညွှန်းချင်ပုံရပါတယ်။ မပြည့်မစုံသင်္ဘောကိုယ်ထည်ကို လွန်ခဲ့တဲ့ ၁၀ နှစ်က ယူကရိန်းဆီကနေ ဝယ်ယူခဲ့တာဖြစ်တဲ့ သည် သင်္ဘောကို ၂၀၁၃ ခုနှစ်မှာ အသုံး ပြုခဲ့တာဖြစ်ပါတယ်။ Liaoning သင်္ဘောကို ဘယ်လိုရည်ရွယ်ချက်နဲ့ အသုံးပြုမယ် ဆိုတာ တရုတ်ကအတိအကျ မဖော်ပြခဲ့ပေမဲ့ နေရတဲ့ တောင်တရုတ်ပင်လယ်တွင်းက ပိုင်ဆိုင်မှု အငြင်းပွားတာတွေကို အားဖြည့်ပေးမယ့်အရာလို့ ရှုမြင်ရပါတယ်။ Liaoning ဟာ တရုတ်ရဲ့ မြန်မြန်ဆန်ဆန်တိုးချဲ့လာတဲ့ ရေယာဉ်စုထဲမှာ တာဝန်ထမ်းဆောင် မယ့်အရာရှိတွေနဲ့ သင်္ဘောသားတွေအတွက် လေ့ကျင့်ရေးပလက် ဖောင်းတစ်ခုအဖြစ်လည်း ရှုမြင်ကြပါတယ်။
Kumudar

No comments:

Post a Comment