Wednesday, November 23, 2016

နိုဝင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ရေယာဉ်နစ်မြုပ်မှု အပါအ၀င် သဘာဝဘေးအန္တရာယ်နှင့် မတော်မဆဖြစ်စဉ် ၆၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၇ ဦးသေဆုံး

နိုဝင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ နိုင်ငံ တစ်ဝန်းလုံး ရေယာဉ်နစ်မြုပ်မှု အပါအ၀င် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်မှုဖြစ်စဉ် (၆၁) ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့ကြောင်းခဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်မှုများတွင် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ချက်သတင်းများအရ သိရသည်။ နိုဝင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်မှုများတွင် ကမ်းပါးပြိုကျမှု၊ ရေကြီးမှု၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ ရေယာဉ်နစ်မြုပ်မှု၊ သစ်ပင်ပြိုလဲကျမှု၊ စသည်တို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။




နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖြစ်ပွားခဲ့သော သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်မှုများမှာ ကချင်ပြည်နယ်တွင်တစ်ကြိမ်၊ ကယားပြည်နယ်တွင် တစ်ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးကြိမ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ကြိမ်၊ နေပြည်တော်တွင် ၁၀ ကြိမ်၊ ပဲခူးတိုင်းဒေသကြီး တွင်၂၀ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် လေးကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၄ ကြိမ်၊ ရန်ကုန်တိုင်ဒေသကြီးတွင် လေးကြိမ်၊ ရှမ်းပြည်နယ်တွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုနှင့် မတော်တဆထိခိုက်မှု ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်က ချင်းတွင်းမြစ်နှင့် ဥချောင်းဆုံရာ ဟုမ္မလင်းမြို့နယ် ငေါက်စားကျေးရွာအနီးတွင် မုံရွာမှ ဟုမ္မလင်းမြို့လင်းသို့ ထွက်ခွာခဲ့သည့်  လင်းလင်းအောင်အမည်ရှိ ကုန်တင်ရေယာဉ် တစ်စင်းနစ်မြုပ်ခဲ့ကြောင်း သိရသည်၊

နစ်မြုပ်ခဲ့သည့် ကုန်တင်ရေယာဉ်ပေါ်တွင် ရေယာဉ်လုပ်သားငါးဦးသာ ပါရှိပြီး အခြားခရီးသည်များ မပါရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆထိခိုက်မှု ဖြစ်စဉ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့်  နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေ ၁၈၈ လုံးပျက်စီးခဲ့ပြီး ၉၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။။

နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက် မတော်တဆဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များကို အချိန်နှင့် တစ်ပြေးညီ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ယခင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၇၂ ဖွဲ့ တပ်ဖွဲ့ဝင်အင်အား ၇၂၀၀ ဦး ရှိရာမှ ယခုရှာဖွေကယ်ဆယ်ရေးတပ်ခွဲ ၁၇ ခွဲ၊ တပ်စု ၃၃၃ စု၊ တပ်ဖွဲ့ဝင်အင်အား ၁၃၆၂၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။                      
Writer:
အောင်ထက်ခိုင်

No comments:

Post a Comment