Friday, November 25, 2016

မောင်တောတောင်ပိုင်း ရွာ ၂ ရွာ မီးလောင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းက ကျေးရွာ ၂ ရွာမှာ သန်းခေါင်ကျော်အချိန်ကစပြီး မီးလောင်နေတယ်လို့ အနီးနားက ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက် မနက် ၁ နာရီခန့်မှာ ဘကုံးနားရွာမှာ မီးလောင်ခဲ့ပြီး နူရူလာရွာမှာတော့ ၂ နာရီ ၁ဝ မိနစ်လောက်က စတင်ပြီး မီးလောင်နေတာပါ။ ဘာကြောင့် မီးလောင်မှုဖြစ်ပွားလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ မီးလောင်မှုဖြစ်ပွားတဲ့ ရွာအနီးရှိ ခရေမြိုင်ကျေးရွာက ကိုထွန်းသိန်းက “ရွာအလယ်က လောင်နေတာလို့ ထင်ပါတယ်။ နူရူလာကျေးရွာ မီးမလောင်ခင် ညသန်းခေါင်ကျော် တနာရီလောက်မှာ ဘကုံးနားရွာမှာလည်း မီးလောင်တယ်။ အဲဒီဘက်က ငြိမ်းသွားပြီး ဒီဘက်ရွာက လောင်နေတာ” လို့ ပြောပါတယ်။ အခုမီးလောင်တဲ့ရွာတွေဟာ မောင်တောမြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိပြီး နူရူလာရွာမှာတော့ ဒီလဆန်းပိုင်းက အကြမ်းဖက်သမားတွေ ရဲကင်းစခန်းကို ဝင်ရောက်ပစ်ခတ်လို့ ရဲဒု-တပ်ကြပ်တဦး ကျဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ သတင်း – ကိုအောင်

No comments:

Post a Comment