Wednesday, November 30, 2016

အရပ်သားများထွက်ပြေးနေရမှုသည် အလက်ပိုမြို့အနေဖြင့် အရှင်လတ်လတ်ငရဲကျနေခြင်းဖြစ်ကြောင်း ကုလ အပြစ်တင်

၃ ရက်ကြာ ဆီးရီးယားအစိုးရထိုးစစ်များကြောင့် အရပ်သား ၂ သောင်းနီးပါးခန့် ထွက်ပြေးခဲ့ကြရကြောင်း ကြက်ခြေနီအဖွဲ့ကပြောကြားလိုက်ပြီးနောက် အလက်ပိုမြို့တွင် အရပ်သားများစွာသည် အရှင်လတ်လတ် ငရဲကျနေကြောင်း ကုလသမဂ္ဂက အပြစ်တင်ခဲ့သည်။ ကုလလုံခြုံရေးကောင်စီတွင် သံတမန်များက မကြာသေးမီရက်များအတွင်း အလက်ပိုမြို့တွင် အတိုက်အခံများ ထိန်းချုပ်ထားသော မြို့အရှေ့ပိုင်း၏ သုံးပုံတစ်ပုံကို ပြန်လည်သိမ်းယူနိုင်ခဲ့ချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်နေသည့်အပေါ် နယူးယောက်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၇၂ နာရီအတွင်း ထိုးစစ်များကြောင့် အရပ်သား ၂ သောင်းနီးပါးခန့်ထွက်ပြေးခဲ့ကြရကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။ အိုင်စီအာစီမှ ပြောခွင့်ရအမျိုးသမီး ခရစ်တာ အန်စတောင်းက အချက်အလက်များကို ခန့်မှန်းတွက်ချက်ထားခြင် ဖြစ်ပြီး အရပ်သားများအနေဖြင့် အရပ်ရှစ်မျက်နှာဆီသို့ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်ဟုဆိုသည်။ Ref:AFP

No comments:

Post a Comment