Tuesday, November 22, 2016

တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို မသွားရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတိပေးကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ ရှိတရုတ်နိုင်ငံသားများလုံခြုံရေးသတိ ထားရန်နှင့် ပစ်ခတ်မှုဖြစ်ပေါ်နေသည့် မြန်မာနိုင် ငံမြောက်ပိုင်းဒေသများ သို့ မသွားရန်သတိပေးထားသည့် ကြေညာချက်တစ်ခုကိုမြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးမှထုတ်ပြန် လိုက် ကြောင်းသိရသည်။ နိုဝင်ဘာ ၂၀ ရက်တွင် မြန်မာ နိုင်ငံအစိုးရတပ်မတော်နှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများသည် မြန် မာပြည်မြောက် ပိုင်း၊ တရုတ်နိုင်ငံနှင့်နီးစပ်ရာဒေသ များတွင် ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် နယ်စပ်ဒေသမှ မြန်မာပြည်သူလူထု အချို့သည် တရုတ်ပြည်ဘက်သို့စစ် ဘေးရှောင်နေကြရကြောင်း၊ တရုတ် နိုင်ငံမှ သက်ဆိုင်ရာဒေသအစိုးရသည် လူသားချင်းစာ နာမှုအနေဖြင့် စစ် ဘေးရှောင်ပြည်သူများကိုယာယီ လက်ခံပြုစုပေးနေပြီး ဒဏ်ရာရရှိသူ များကို ဆေးရုံပို့ပေးခြင်း၊ ကုသပေး ခြင်း များဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မြန်မာနိုင်ငံမြောက် ပိုင်းတွင်ဖြစ်ပေါ်နေသည့်အခြေအနေ များကိုအာရုံ စူးစိုက်နေပြီး သက်ဆိုင်ရာ အဘက်ဘက်မှ ချုပ်ထိန်းပြီးအပစ်အ ခတ်ရပ်စဲရန်၊ ထိရောက်သောဆောင် ရွက်ချက်နှင့်နယ် စပ်ဒေသကို လျင်မြန် စွာ တည်ငြိမ်အေးချမ်းလာစေရန် မျှော်လင့်ကြောင်းသိရသည်။
ထုတ်ပြန်ချက်တွင် တရုတ်သံရုံး သည် မြန်မာနိုင်ငံရှိတရုတ်နိုင်ငံသား များလုံခြုံရေး သတိထားရန်နှင့်ပစ်ခတ် မှုဖြစ်ပွားနေသည့်ေ ဒသ သို့မသွားရန် သတိပေးထားပြီး၊ ယင်းတို့အနေဖြင့် အကူအညီလိုအပ်ပါက တရုတ်သံရုံး (ရန်ကုန်)ဖုန်း- ၀၀၉၅၉၄၃၂၀၉၆၅၇ နှင့် မန္တလေးတရုတ်ကောင်စစ်ဝန် ချုပ်ရုံး ဖုန်း-၀၀၉၅၉၂၅၉၁၇၂၇၂၆ တို့ကို အကူ အညီတောင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
MMA

No comments:

Post a Comment