Monday, November 28, 2016

ရေလုပ်သားများအား ဧရာဝတီလင်းပိုင်အကူအညီဖြင့် ငါးဖမ်းသည့်နည်းစနစ် သင်ကြားပေးမည်

 ဧရာဝတီလင်းပိုင် ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် လင်း ပိုင်များ အကူအညီဖြင့် ရေလုပ် သားများ ငါးဖမ်းသည့် အလေ့အ ထ လုပ်ငန်းကို ရေရှည်တည်တံ့ စေရန်နှင့် မျိုးဆက်ပြန့်ပွားစေရန် လာမည့် ဒီဇင်ဘာ လလယ်ခန့်၌ ရေလုပ်သား ၂၇ ဦးအား အကျိုး တူငါးဖမ်းမှု နည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားမှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကျိုးတူငါးဖမ်းရေးလုပ်သားအ ဖွဲ့မှ သတင်းရရှိသည်။ ‘‘ထိန်းသိမ်းရေး ဧရိယာအ တွင်းမှာ ကျေးရွာ ခြောက်ခုရှိ တယ်ဆိုပေမယ့် အကျိုးတူ ငါး ဖမ်းတဲ့ အတတ်ပညာကို တကယ် ကျွမ်းကျင်တဲ့လူက ခြောက်ဦး လောက်ပဲရှိပါတယ်။ အဲဒါကို မျိုး ဆက်ပြန့်ပွားရေးနဲ့ ဒီအတတ် ပညာလည်း ပျောက်ကွယ်မသွား အောင် လာမယ့် ဒီဇင်ဘာလ အ လယ်လောက်မှာ သင်ကြားမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်’’ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် အကျိုးတူ ငါးဖမ်းရေလုပ်သားအဖွဲ့ခေါင်း ဆောင် ဦးမောင်လေးက ပြော ကြားသည်။



ဧရာဝတီလင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာအတွင်း ဆီသည်၊ မြစ်ကမ်းကြီး၊ စိန်ပန်း ကုန်း၊ မြေစွန်း၊အေးကျွန်းနှင့် ဆင် ကျွန်းကျေးရွာတို့ပါဝင်ပြီး အကျိုး တူ ငါးဖမ်းရေလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၅၃ ဦးရှိကာ ၎င်း တို့ထဲမှ ၂၇ ဦးအား ရွေးချယ်ကာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘ဧရာဝတီလင်းပိုင်တွေနဲ့ အ ချိတ်အဆက်မိမိနဲ့ ဆောင်ရွက် တတ်မှုအပိုင်းမှာ တော်တော်လေး အားနည်းနေသေးတဲ့အတွက် လို အပ်တဲ့ သင်ကြားမှုတွေ ပြုလုပ် ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ မှာတော့ သင်ကြားဖို့အတွက် ပိုက် ကွန်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ယူနိုင်ဖို့ လုပ်နေပါတယ်’’ဟု ဦးမောင်လေးက ပြောသည်။

ဧရာဝတီလင်းပိုင် ထိန်း သိမ်းစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် အ ကျိုးတူ ငါးဖမ်းခြင်းလုပ်ငန်းအပြင် လင်းပိုင်များကို လာရောက် လေ့ လာသည့် နိုင်ငံခြားသား ခရီး သွားဧည့်သည်များလည်းရှိ၍ ခရီး သွားများအား လိုက်လံပြသခြင်း မှလည်း     ၀င်ငွေရရှိလျက်ရှိ ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် ဧရာဝ တီလင်းပိုင် ထိန်းသိမ်းစောင့် ရှောက်ရေး ဧရိယာအတွင်းရှိ ကျေးရွာများအား ယခုနှစ် မေလ မှ စတင်ကာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် စတင်အ ကောင်အထည်ဖော်ပေးခဲ့ပြီး နိုင်ငံခြားသားခရီးသည်    လာ ရောက်မှုနှုန်းမှာလည်း ယခင်က ထက် ပို၍ များပြားလာကြောင်း ဦးမောင်လေးက ပြောသည်။ နိုင်လင်းအောင်

No comments:

Post a Comment