Wednesday, November 23, 2016

မူဆယ်မြို့ ယာယီကယ်ဆယ်ရေးစခန်းများသို့ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင် ဒေသခံ ၃၀၀၀ ကျော် ရှိနေပြီး သေဆုံးသူဦးရေ ၁၀ ဦးထိ ရှိလာ

KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၂ ရက် နေ့လည် ၁၂ နာရီအထိ မူဆယ်မြို့ ယာယီကယ်ဆယ်ရေးစခန်းများသို့ စစ်ဘေးရှောင်ဒေသခံ ၃၂၀၀ လာရောက် ခိုလှုံနေပြီး သေဆုံးသူဦးရေ ၁၀ ဦးထိ ရှိလာခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်း ငါးခုတွင် လာရောက်ခိုလှုံကြသည့် ဒေသခံဦးရေမှာ မြောက်ရပ်ကွက်၊ မဟာဝန်မြောက်ကျောင်း၌ ၇၀၅ ဦး၊ တောင်ရပ်ကွက်၊ ဇေတဝန်ကမ္မဌာန်းကျောင်း၌ ၁၁၄၅ ဦး၊ ဟိုမွန်ရပ်ကွက်၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်း၌ ၁၅၃ ဦး၊ စွပ်စော်ရပ်ကွက်၊ အောင်မင်္ဂလာကျောင်း၌ ၈၂၂ ဦး၊ နမ့်ခွမ်ရွာ ဘုန်းတော်ကြီးကျောင်း၌ ၅၁၉ ဦးတို့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မူဆယ်ခရိုင်/ လားရှိုးခရိုင်အတွင်း KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက် နေ့လည် ၁၂ နာရီအထိ သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရရှိသူ ၃၃ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူစာရင်းတွင် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ ပြည်သူ့စစ် နှစ်ဦး၊ အရပ်သား ငါးဦး တို့ဖြစ်ပြီး ဒဏ်ရာရရှိသူ စာရင်းမှာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ ဝန်ထမ်း နှစ်ဦး၊ အရပ်သား ၂၂ ဦး တို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment