Wednesday, November 30, 2016

မူဆယ်နယ်စပ်တိုက်ပွဲများကြောင့်ရန်ကုန်-မူဆယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများထိခိုက်ခဲ့ရယခုအချိန်ထိကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများပြန် လည်ကောင်းမွန်လာခြင်းမရှိသေးဟုဆို

မူဆယ် နယ်စပ်တိုက်ပွဲများကြောင့် ရန်ကုန်မူဆယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း များ ထိခိုက်ခဲ့ရပြီး ယခုအချိန်ထိ ကုန် စည်ပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေး ကြောင်း ရန်ကုန်-မူဆယ် ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းရှင်အသိုင်းအ ၀ိုင်းမှ သိရသည်။ မူဆယ်နယ်စပ်တွင် တိုင်းရင်း သားလက်နက်ကိုင်များနှင့် တပ်မ တော်အကြားဖြစ်ပွားခဲ့သော တိုက် ပွဲများကြောင့် လမ်း၊တံတားများ ပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ် ရေးအခက်အခဲများကြောင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများအတွက် အခက်အခဲများဖြစ်ပေါ်ကာ  ကုန် စည်ပို့ဆောင်ခြင်းများ လျော့ကျသွား ခဲ့ကြောင်း ၎င်းင်းတို့ကဆိုသည်။ ဇော်ကြီး ရန်ကုန်-မူဆယ်ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းမှ ဦးဇော် ၀င်းမောင်က ""ကုန်စည်ပို့ဆောင်ရေး တွေကတော့ တိုက်ပွဲဖြစ်နေတာ ကြောင့် အရင်ကနဲ့နှိုင်းယှဉ်မယ်ဆို ရင် သုံးပုံနှစ်ပုံလောက်လျော့သွား တယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း အဆင်မပြေတော့ သွားရ လာရတာ အခက်အခဲတွေအများ ကြီးရှိတယ်။ အခုဆို သိန်းနီတံတား ကလည်း ၃၆ တန်အောက်ကား တွေပဲ ဖြတ်သန်းခွင့်ပေးတော့တယ်။
ကုန်စည်ပို့ဆောင်ရေးကတော့ အခု ထိကို ပြန်ပြီးတော့ ကောင်းမလာ သေးဘူး။ တိုက်ပွဲပြီးသွားရင်တောင်
လမ်းပန်းဆက်သွယ်ရေးအခက်အ ခဲတွေရှိနေဦးမှာဖြစ်တာကြောင့် လေး လ၊ ငါးလလောက်တော့ အချိန်ယူ ရဦးမယ်ထင်တယ်""ဟု နိုဝင်ဘာ ၂၉ ရက်က ဒီမိုကရေစီတူဒေးသို့ပြော သည်။
မူဆယ်တိုက်ပွဲများကြောင့် ကုန် စည်ပို့ဆောင်ရေးများ အခက်အခဲ တွေ့ကြုံနေရပြီး ကုန်စည်ပို့ဆောင်ခ များမှာလည်း ယခင်ကထက် နှစ်ဆ မြင့်တက်လာကြောင်းလည်း သိရ သည်။ဦးဇော်ဝင်းမောင်က ""တိုက်ပွဲ ဖြစ်ပွားနေတော့ ဘယ်ကားသမား ကမှလည်း အသက်နဲ့ရင်းပြီးတော့ ကားမထွက်ရဲကြတော့ဘူး။ ဒီတော့ ကားသမားတွေကို အရင်ကဈေးထက် နှစ်ဆတိုးပေးရတယ်။ ဒါတောင် မောင်းတဲ့သူ အတော်ရှားတယ်။ ဒီ တော့ ကုန်စည်ပို့ဆောင်ခတွေက မူလ ကထက် နှစ်ဆတိုးသွားတယ်။ ဒါ ပေမဲ့ ပြေးဆွဲတဲ့ ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းတွေ အတော်လေးတော့ နည်းသွားတယ်""ဟု ဆိုသည်။
ယခုကဲ့သို့ မူဆယ်ဒေသသို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အနေဖြင့် ကုန်စည်ပို့ဆောင်ခြင်း များလျော့နည်းသွားသကဲ့သို့ မူဆယ် နယ်စပ်သို့ကုန်စည်ပို့ဆောင်ခြင်းများ ကိုရပ်တန့်ထားသော ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများလည်းရှိ ကြောင်း သိရသည်။
PP, TNO

No comments:

Post a Comment