Wednesday, November 30, 2016

ပြန်လည်ထူးထောင်ရေး စင်တာဖွင့်ပွဲမှာ ဖိလစ်ပိုင်မူးယစ်ဆေး နှိမ်နင်းမှုကို ဒူတာတေး ကာကွယ်ပြောဆို

ဖိလစ်ပိုင်မြို့တော်ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၇၀ အကွာ စစ်အခြစိုက်စခန်းမှာ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ကုသရေးနှင့် ပြန်လည်ထူးထောင်ရေး စင်တာသစ်ဖွင့်လှစ်ပွဲမှာ သမ္မတဒူတာတေးက လွန်ခဲ့တဲ့ ငါးလအတွင်း လူပေါင်း ၅,၆၀၀ ကျော် သေဆုံးခဲ့တဲ့ သူ့ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး နှိမ်နင်းမှုအပေါ် အင်္ဂါနေ့က ကာကွယ်ပြောဆိုသွားပါတယ်။ ရိုဒရီဂို ဒူတာတေးက မိမိရဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်နှိမ်နင်းမှုကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး သူ့အပေါ် ဝေဖန်မှုတွေကို တိုက်ခိုက်သွားမယ်လို့ Nueva Ecija province ပြည်နယ် Fort Magsaysay ရှိ မူးယစ်ဆေးဝါး အလွဲသုံးမှု ကုသရေးနှင့် ပြန်လည်ထူထောင်ရေး စင်တာ ဖွင့်လှစ်ပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

"သူတို့ တိုက်ခိုက်ဖို့ ရွေးချယ်ရင် ကျနော်တို့ သတ်ပစ်ပါလိမ့်မယ်။ ကျနော်ရဲ့ အလွန်တိကျတဲ့ အမိန့်ကို ကျနော်ပြုလုပ်ထားပါတယ်။ ဒါက သွားပြီး သူတို့ကို ရှာပါ။ သူတို့ကို ဖမ်းဆီးပါ။ သူတို့က အကြမ်းဖက် တိုက်ခိုက်မှုကို ရွေးချယ်လာပြီး ခင်ဗျာဟာ အန္တရာယ်မှာ ကိုယ်ကိုကိုယ် ရှာတွေ့ပြီဆိုရင် စစ်ရေးသဘောထားရှိတဲ့ စစ်သားတစ်ယောက်အဖြစ် ရှေ့ဆက်ပြီး သူတို့ကို သတ်ပစ်ပါ"လို့ သမ္မတ ဒူတာတေးက ပြောပါတယ်။
"'ခင်ဗျားက ကျနော်နိုင်ငံကို ဖျက်ဆီးလိုရင် ကျနော် သူ့ကို မသတ်ပစ်ရဘူးလား?' ဒီလိုပြောတဲ့အချိန်မှာ ဘာလို့ ဒီလူထုံလူအတွေက ကျနော်ကို ကြိမ်ဖန်များစွာ ဝေဖန်ချင်တာလဲ? ဒီကြေညာချက်ထဲမှာ အမှားတစ်ခုခု ရှာတွေ့တဲ့သူမဆို တခြားနိုင်ငံတစ်ခုကို ရှာဖွေပါ"လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စတုရန်းမီတာ ၁၀၀,၀၀၀ အကျယ်အဝန်းက လူနာ ၁၀,၀၀၀ ကို လုံလောက်တဲ့ နေရာပေးနိုင်ပြီး ဒါဟာ နိုင်ငံမှာ ပထမဦးဆုံး အကြီးစား မူးယစ်ဆေးပြန်လည်ထူထောင်ရေး စင်တာဖြစ်ပုံရပါတယ်။
မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး စင်တာ နှစ်ခု ဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ် ပီဆို ၁.၄ ဘီလီယံ (ဒေါ်လာ ၂၈၁ သန်း) ကို ထောက်ပံ့လှူဒါန်းခဲ့တဲ့ တရုတ်အိမ်ခြံမြေသူဌေးကြီး Huang Rulun က အဆိုပါဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ဒူတာတေးရဲ့ မူယစ်ဆန့်ကျင်ရေးကင်ပိန်းအတွက် မိမိထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒူတာတေးက ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတရာထူးရယူခဲ့ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ဆန့်ကျင်နှိမ်နင်းမှုမှာ လူပေါင်း ၅,၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Mizzima

No comments:

Post a Comment