Wednesday, November 30, 2016

ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ရဲ့ အာမခံလျှောက်ထားမှု ပယ်ချခံရ

ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆ဃနဲ့တရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာဂရုရဲ့စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို အာမခံမပေးဘူးလို့ ဒီကနေ့ တာမွေတရားရုံးက အမိန့်ချလိုက်ပါတယ်။ ဒီကနေ့ ဒုတိယအကြိမ်ရုံးထုတ်မှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။ ပထမအကြိမ်ရုံးထုတ်ခဲ့စဉ်က တရားစွဲဆို ခံထားရသူတွေရဲ့ရှေ့နေက ကျန်းမာရေးကိစ္စနဲ့အတူပုဒ်မ(၄၉၇)အရအာမခံပေးဖို့ လျှောက်ထားခဲ့တာပါ။ ဒါပေမယ့် ဆေးစာတွေက ပုဂ္ဂလိကဆေးရုံတွေရဲ့ဆေးစာတွေဖြစ်နေကြောင်း၊ အကျဉ်းထောင်ကတင်ပြလာတဲ့ မှတ်တမ်းတွေလည်း မပါဝင်တာတွေကြောင့် တရားရုံးက အာမခံမပေးဖို့ အမိန့်ချလိုက်တာဖြစ်ပါတယ်။  ဒီလိုအမိန့်ချလိုက်ပေမယ့် တရားစွဲဆိုခံထားရသူတွေရဲ့ ရှေ့နေဦးကြီးမြင့်က အထက် တရားရုံးတွေထိ တက်သွားမယ်လို့ အခုလိုပြောပါတယ်။ေ ဒါက်တာသန်းထွဋ်အောင်နဲ့ကိုဝေဖြိုးတို့ကို ဒီဇင်ဘာ(၉)ရက်နေ့မှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးဖို့  တရားရုံးက ချိန်းဆိုခဲ့ပါတယ်။

No comments:

Post a Comment