Thursday, November 17, 2016

အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွင် အချက်နှစ်ချက် အဓိကဆွေးနွေးမည်

ယနေ့ (နိုဝင်ဘာ ၁၇ ရက်) စတင်ပြုလုပ်မည့် ပြည် ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးတွင် အကြောင်းအ ရာနှစ်ရပ်ကို အဓိကဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ JMC-U အစည်းအဝေးကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ သုံးရက်ကြာ  ပြုလုပ်မည် ဖြစ်သည်။ အစည်းအဝေးတွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစီ ရင်ခံစာအပါအ၀င်အဓိက အ ချက်နှစ်ချက်ကို သုံးသပ်ဆွေးနွေး မည်ဖြစ်ကြောင်း JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောသည်။



‘‘RCSS နဲ့ အစိုးရဖြစ်ပွားခဲ့ တာနဲ့ ပတ်သက်လို့ စုံစမ်းရေးအဖွဲ့က သွားရောက်လေ့လာ တွေ့ရှိတာနဲ့ ပတ်သက်တဲ့ အစီ ရင်ခံစာကို အခြေခံပြီး လုပ်သင့် တာ။ ပြုပြင်ပြောင်းလဲဖို့ လိုအပ် တာတွေ ဆွေးနွေးဖို့ရှိတယ်။ လက်ရှိ ဖြစ်နေတဲ့အကြောင်းအရာတွေ ဖြေရှင်းဖို့၊ နောက်ထပ်မဖြစ်ဖို့ ဆွေးနွေးမှာပါ’’ဟု ကရင်အမျိုးသားအစည်းအဝေးစစ်ရေးချုပ်ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဆိုသည်။

ထို့အပြင် JMC-U အစည်း အဝေးတွင် ဒေသန္တရအဆင့်၊ အောက်ခြေအဆင့်တွင် စောင့် ကြည့်ရေးအဖွဲ့များဖွဲ့စည်းရန်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

JMC-U မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်အရ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တပ်မတော်မှ ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ JMC-U တွင် အစိုးရ၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ ရှစ်ဖွဲ့နှင့် အရပ်ဘက်ကိုယ်စား လှယ်များပါဝင်သည်။ အောင်ခိုင်

No comments:

Post a Comment