Tuesday, November 22, 2016

အမေရိကန်နိုင်ငံ တန်နန်စီပြည်နယ်တွင် ကျောင်းကားတိုက်မှုကြောင့် အနည်းဆုံးကလေး ၆ ဦးသေဆုံး

တန်နန်စီပြည်နယ်၊ ချက်တန်နိုဂါမြို့တွင် ကျောင်းမှ အိမ်ပြန်လာသော မူလတန်းကျောင်းသားများ စီးနင်းလိုက်ပါ လာသော ဘတ်စ်ကားတစ်စင်းသည် တနင်္လာနေ့ နေ့လယ်ပိုင်းတွင် ကားမတော်တဆဖြစ်မှုကြောင့် အနည်းဆုံးကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် နှစ်ဒါဇင်နီးပါးခန့်ကို ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ချိန် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ကားမှအရှိန်မြင့်နေပုံရကြောင်း ချက်တန်နိုဂါ ရဲမှူးကြီး ဖရက်ဒ်ဖလက်ချာက ပြောသည်။ အ၀ါရောင်ကျောင်းကားမှာ အနီးနားရှိ သစ်ပင်တစ်ပင်ကို ၀င်တိုက်ခဲ့ပြီး နှစ်ပိုင်းကျိုးသွားခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး နှစ်နာရီအကြာတွင် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး အပျက်အဆီးများကို ရှင်းလင်းလျက်ရှိသည်ဟုဆိုသည်။ ခရီးသည် ၃၅ အထိ တင်ဆောင်နိုင်သော ယာဉ်ထဲတွင် သေဆုံးနေသော ကလေးငယ် ၅ ဦးကိုတွေ့ခဲ့ရပြီး ဆေးရုံတွင် အခြားကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ဟာမင်တန် ဒေသခရိုင်ရှေ့နေရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် မလေဒီယာ ကလေ၀ဲလ်က ပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ကားပေါ်တွင် ကျောင်းသားမည်မျှစီးနင်းလိုက်ပါသည်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။
Ref:AFP

No comments:

Post a Comment