Friday, November 25, 2016

အစ္စရေးနိုင်ငံတစ်ဝန်းတောမီးအကြီးအကျယ်လောင်ကျွမ်းနေ၊ ဝန်ကြီးချုပ် နာတန်ယာဟုက အကြမ်းသမားတို့၏ ရှို့မီးဖြစ်ကြောင်းပြောဆို

ကြာသပတေးနေ့တွင် အစ္စရေးနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတစ်လျှောက်တွင် လောင်ကျွမ်းလျှက်ရှိသော တောမီးကြောင့် ဟိုင်ဖာမြို့ရှိ ဒေသခံထောင်ပေါင်းများစွာသည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီး အစ္စရေးခေါင်းဆောင်တို့က တောမီးသည် ရှို့မီးကြောင့်လောင်ကျွမ်းရခြင်းဖြစ်ပြီး အကြမ်းဖက်သမားများကို အပြစ်တင်ခဲ့ကြငည်။ အစ္စရေးတို့၏ တတိယအကြီးဆုံးမြို့အနီးဝန်းကျင်ဒေသများတွင် မီးလောင်ကျွမ်းနေသည့် ပုံရိပ်များကို ရုပ်မြင်သံကြားမှထုတ်လွှင့်ခဲ့သည်။ မီးသတ်သမားများသည်လည်း မီးလောင်ကျွမ်းမှုနှင့် နီးကပ်လာသော ဓါတ်ဆီဆိုင်တစ်ခုကို ရေဖြင့်ပက်ဖြန်းပြီး တားဆီးနေရသည်။ ပြီးခဲ့သည့် သုံးရက်အတွင် နေရာအနှံ့အပြားတွင် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ကြာသပတေးနေ့တွင် ခြောက်သွေ့သော ရာသီဥတုနှင့် အရှေ့ဘက်မှလေပြင်းများတိုက်ခတ်နေမှုကြောင့် မီးလောင်ကျွမ်းမှုအရှိန်မြင့်လာခြင်းဖြစ်သည်။ ဟိုင်ဖာမြို့တွင် ရောက်ရှိနေသာ သတင်းထောက်များကို ဝန်ကြီးချုပ် နာတန်ယာဟုက "ဖြစ်ပွားနေတဲ့ မီးလောင်မှုအားလုံးဟာ အကြမ်းဖက်သမားတွေရဲ့ ရှို့မီးကြောင့် ဖြစ်ရတာပါဈ ပြီးတော့ ကျွန်တော်တို့ ပြန်လည်တုန့်ပြန်သွားမှာပါ၊ အစ္စရေးရဲ့ နယ်မြေဒေသတွင်ကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားတဲ့ ဘယ်သူမဆို အဲဒီအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပါ" ဟု ပြောကြားသည်။  Ref:Reuters

No comments:

Post a Comment