Wednesday, November 23, 2016

အစိုးရသစ်လက်ထက်တွင် ရန်ကုန်၌ ကာရာအိုကေခန်းခြောက်ခုသာ ဖွင့်ခွင့်ပြုထားဟုဆို

အစိုးရသစ်လက်ထက်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကပွဲခန်း၊ အကြောပြင်ခန်းနှင့် အနှိပ်ခန်းများ ဖွင့်လှစ်ရန် ခွင့်ပြု ထားခြင်းမရှိဘဲ ကာရာအိုကေခန်း ခြောက်ခုသာ ဖွင့်လှစ်ခွင့်ပြုထား ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက လွှတ်တော်၌ ပြောကြား သည်။ နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်၌ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်  မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ် စားလှယ် ဦးညီညီက ကပွဲများ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်း များ မည်မျှခွင့်ပြုထားကြောင်းနှင့် စည်းကမ်းနှင့် မညီညွတ်သော လုပ်ငန်းများ၊ ခွင့်ပြုချက်မရှိ ဖွင့် လှစ်ထားသော အခန်းများကို မြန်မာအမျိုးသမီးငယ်များအ တွက် ကြိုတင်ကာကွယ်စောင့် ရှောက်ပေးနိုင်ရန် အစိုးရက အစီ အစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ နယ်လုံဝန်ကြီးက အ ထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားခြင်းဖြစ်သည်။



‘‘ဒါတွေက ကျွန်တော်တို့ ပညာပေးဟောပြောတာလည်းရှိ တယ်။ လက်ကမ်းစာစောင်တွေ ပေးတာလည်းရှိတယ်။ သို့သော် လည်းပဲ ရာနှုန်းပြည့်ထိရောက်ပြီ လားဆိုတော့ မထိရောက်သေးပါ ဘူး။ ဒါကိုလည်းပဲ ကျွန်တော်တို့ ပိုပြီးတော့ ဒီထက် ထိရောက်မှုရှိ အောင်လည်း သက်ဆိုင်ရာဌာန များနဲ့ညှိနှိုင်းပြီး ဆောင်ရွက်လျက် ရှိကြောင်း တင်ပြအပ်ပါတယ်’’ ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင် ထွန်းက ပြောသည်။

ကပွဲခန်းများကို ကာရာအို ကေလိုင်စင်ဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ပြီး အရှေ့ပိုင်းခရိုင်တွင် ခုနစ်ခု(လိုင်စင်မရှိ) လုပ်ကိုင် နေကြောင်းနှင့် Entertainment အမည်ဖြင့် စုစုပေါင်း ၁၁ ခု လုပ် ကိုင်နေကြောင်း နယ်လုံဝန်ကြီးကရှင်းပြသည်။ ဆက်လက်၍ ၎င်းကရန်ကုန်မြို့တွင် အနှိပ်ခန်းအမည်ဖြင့် ဖွင့်လှစ်ထားခြင်းမရှိဘဲ အကြောပြင်ခန်းအနေဖြင့် စည်ပင်သာယာ ရေးကော်မတီ ခွင့်ပြုချက်ရယူကာ တရားဝင် ၂၄ ခု ခွင့်ပြုထားပြီး လျှောက်ထားဆဲ ၁၇ ခုရှိကြောင်း နှင့် ၂၀၁၆ အတွင်း အနှိပ်ခန်း ၁၂ခုကို ဖော်ထုတ်အရေးယူခဲ့ကြောင်း ပြောကြားသည်။

ကပွဲခန်းများ၊ အနှိပ်ခန်း များ၊ ကာရာအိုကေခန်းများနှင့် ပတ်သက်၍ နယ်လုံဝန်ကြီးက ဖြေကြားရာတွင် မြေပြင်အခြေအနေ ရှိ အရေအတွက်နှင့် များစွာကွဲလွဲမှုများရှိနေပြီး အရေးယူဆောင်ရွက်ခြင်းအပိုင်းတွင်လည်း ထိရောက် မှု အားနည်းနေကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်အချို့က သုံးသပ်သည်။

‘‘ဝန်ကြီးတွေက အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာ က အောက်ခြေဌာနဆိုင်ရာ ဝန် ထမ်းတွေရဲ့ ဆောင်ရွက်မှုက အားရကျေနပ်စရာမကောင်းဘူး။ အဲဒီ အတွက် ကျွန်တော်တို့ ဆက်စပ် မေးခွန်းမေးမယ်ဆိုရင်လည်း အားလျော့စေတယ်’’ဟု အထက်ပါ ကြယ်ပွင့်ပြမေးခွန်းရှင် ဦးညီညီ က မှတ်ချက်ပြုသည်။ ထက်အာကာကျော်

No comments:

Post a Comment