Wednesday, November 23, 2016

ဘဝရှေ့ရေး ရန်ကုန်ညဈေး ကောက်ရိုး မီးတော့ မဖြစ်စေချင်

ရန်ကုန်မြို့၏ အစည်ကားဆုံးနေရာ တစ်ခုဟုခေါ်ဆိုရမည့် မဟာဗန္ဓုလ လမ်း တစ်လျှောက်တွင် မွန်းလွဲ ၃ နာရီခန့်မှစ၍ ကားဟွန်းတီးသံ များ၊ ဈေးသည်များ၏ခင်းကျင်းသံများ ဆူညံစပြုပြီ။ ပလက်ဖောင်းတစ်လျှောက် ရောင်းချ ကြမည့် ဈေးသည်များက ၄င်းတို့၏နေရာ များတွင်ပစ္စည်းများချကြပြီ။ လမ်းမပေါ်ရှိ လမ်းဘေး စားသောက်ဆိုင်တစ်ခုရှေ့ ဖြတ် လျှောက်မိသည်နှင့် နောက်မှ စူးစူးဝါးဝါး အော်ဟစ်သံတစ်သံထွက်လာသည်။ အ ခြားမဟုတ်၊ ကား လမ်းမပေါ်ထိ ခင်းကျင်း ထားသောစားပွဲကိုရှောင်ရင်း ကားဖြင့်ပွတ် ချိတ်နေသည့် ခရီးသွားတစ်ဦးကို ယာဉ် ပိုင်ရှင်က အော် ဟစ်နေခြင်းဖြစ်သည်။ ထိုမြင်ကွင်းမျိုးသည် ရန်ကုန်မြို့တွင်း သွားလာနေသူများအတွက် အထူးအဆန်း မြင်ကွင်းမဟုတ်တော့ပါ။ ရောင်းသူဝယ်သူ များဖြင့် စည်ကားပျော်ရွှင်နေကြသော် လည်း လမ်းသွားလမ်းလာများ၊  မော်တော် ယာဉ်မောင်းများကတော့ ကားလမ်းပိတ် ခြင်း၊ လျှောက်စရာ ပလက်ဖောင်းမရှိတော့ ခြင်းကြောင့် ညည်းညူကြသည်။



”ပလက်ဖောင်းကိုမရှိတော့ဘူး။ ဘယ် နားကသွားလျှောက်ရမှာလဲ” ဟု မြောက် ဒဂုံတွင်နေထိုင်ကာ မြို့ထဲသို့ နေ့စဉ်လာ ရောက် အလုပ်လုပ်သည့် မနေခြည်ဝင်းက ညည်းညူလိုက်သည်။

ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သည့် လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက် တံတားမြို့နယ်တို့တွင် လမ်းဘေးဈေးသည် စုစုပေါင်း ၆၄ဝ၁ ဦးရှိသည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဓိကလမ်းပိတ်ဆို့စေသဖြင့် ၂၄ နာရီ ဈေးမရောင်းရလမ်းများအဖြစ် ဗိုလ်ချုပ် လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန် သည်လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်း လမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရား လမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီး လမ်းတို့ကို သတ်မှတ်ထားသော် လည်း ဈေးသည်များက ရောင်းချနေကြ ဆဲဖြစ်သည်။

သို့ဖြစ်ရာ အဆိုပါ မြို့နယ်လေးမြို့နယ် ရှိ လမ်းဘေးဈေးသည်များအတွက် ကမ်း နားလမ်းတွင် ညဈေးဖွင့်လှစ်၍ ပြောင်း ရွှေ့ရောင်း ချရန် ရန်ကုန်မြို့တော်စည်ပင်မှ စီစဉ်လျက်ရှိသည်ဟုကြေညာသည်။ ပြောင်း ရွှေ့ဖွင့်လှစ်မည့်နေရာကို ကမ်းနားလမ်း တစ်လျှောက်  (အောင်ရတနာလမ်းမှ ပန်း ဆိုးတန်းလမ်းအထိ)၊ ကျောက်တံတားမြို့ နယ် မဟာဗန္ဓုလပန်းခြံလမ်း   (မဟာဗန္ဓု လမ်းမှ ကမ်းနားလမ်း ကြားနှင့် ဘဏ်လမ်း (မဟာဗန္ဓုလပန်းခြံလမ်းမှ ပန်းဆိုးတန်းလမ်း ကြား) တို့ကို သတ်မှတ်ထားကာ နိုင်ငံတ ကာ အဆင့်မီညဈေးတစ်ခုအြ ဖစ် ရည်ရွယ် ထားကြောင်း သိရ သည်။

ထို့အပြင် ဈေးခင်းတစ်ခုလုံး အလင်း ရောင် လုံလောက်စွာ ရရှိရေးအတွက်Transformer   ၄ လုံး၊ Aerial Mast   ၅၁  တိုင် တပ် ဆင်ထားပြီး အများပြည်သူလုံခြုံ ရေးအတွက် CCTV  ၁၃၇ လုံးကိုလည်း တပ်ဆင်သွားမည် ဖြစ်သည်။ ယင်းတို့အ တွက် ကုန်ကျငွေ ခန့်မှန်းချက်ကျပ်သိန်း  ၅၆ဝဝ ကျော် ကုန်ကျမည်ဖြစ်သည်။

ဈေးရောင်းချသူများအနေဖြင့်  ၈ ပေ ပတ်လည် ဆိုင်ခန်းများအတွက် သန့်ရှင်း ရေးဆောင်ရွက်ခတစ်ရက်လျှင် ကျပ်၃ဝဝ၊ Aerial Mast  များအတွက် ကျပ် ၇ဝဝ၊ ရေ ဖိုးကျပ် ၃ဝဝ၊ တစ်ရက်လျှင် စုစုပေါင်းကျပ် ၁၃ဝဝ၊ ၄ ပေ ၈ ပေနှင့် ၄ပေ ၆ပေ ပတ် လည် ဆိုင်ခန်းများအတွက် သန့်ရှင်းရေး ဆောင်ရွက်ခ ၁၅ဝ၊Aerial Mast  များအ တွက် ကျပ် ၃၅ဝ၊ ရေအဖိုးအခအနေဖြင့် ကျပ်၁၅ဝ၊ စုစုပေါင်းကျပ် ၆၅ဝ သာ ရန်ကုန် မြို့တော်စည်ပင်သို့ ပေးရမည်ဖြစ်သည်။

ဈေးရောင်းချခွင့် ရရှိသူများအနေနှင့် ဈေးကောက်ခံခြင်းမပြုဘဲ မှတ်ပုံတင်ကြေး အဖြစ် တစ်နှစ်လျှင် ကျပ် ၅ဝဝသာ ပေး သွင်းရမည်ြ ဖစ်ပြီး အဆိုပါ ကျပ် ၅ဝဝ ကောက်ခံရခြင်းမှာ သက်သေခံလက်မှတ် ထုတ်ပေးရာတွင် ကုန်ကျခြင်းအတွက်သာ ကောက်ခံခြင်းဖြစ်သည်။ အဆိုပါ သက် သေခံကတ်ပြားကို တစ်ဆင့် လွှဲပြောင်း ရောင်းချပါက လုံးဝဈေးရောင်းချခွင့်မပေး ကြောင်းဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ညဈေးသစ်ဆီမသွားချင်တဲ့ လမ်းဘေးဈေးသည်တွေ

ညဈေးအတွက် ဆိုင်ခန်းများကို နိုဝင် ဘာလ ၁၆၊ ၁၇ ရက်နေ့တွင် မဲနှိုက်နေရာ ချထားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃၊ ၂၄ရက် နေ့တွင် စတင် ပြောင်းရွှေ့သွားမည် ဖြစ် သည်။ အကြမ်းဖျင်း အကွက်ချထားမှုအရ ရရှိသည့် ဆိုင်ခန်းအရေအတွက်သည် ကောက်ခံရရှိထားသည့် ပျံကျလမ်းဘေး ဈေးသည် ဦးရေထက် အရေအတွက်နည်း နေသောကြောင့် ဆိုင်ခန်းများလုံလောက် မှုမရှိသည့်အတွက် ယင်း ၄ မြို့နယ် ထဲမှ အစားအသောက်ဆိုင်များနှင့် သစ်သီးဆိုင် များကိုသာ ပြောင်းရွှေ့နိုင်ရေးအတွက် ဆောင်ရွက်ပေးဖြစ်သည်။

ဈေးသည်များ ကမ်းနားလမ်းသို့ ရွှေ့ ပြီးပါက ၂၄ နာရီဈေးမရောင်းရ သတ်မှတ် ထားသည့် လမ်းဆယ်လမ်းမှအပ ကျန် လမ်းများတွင် အိမ်ပိုင်ရှင်များခွင့်ပြုပါက ရောင်းချနိုင်ကြောင်း စည်ပင်က ကြေညာ ထားသည်။

သို့သော် သစ်သီးဆိုင်များနှင့် အစား အသောက် ရောင်းချသည့် ဆိုင်ရှင်များက ဈေးအသစ်သို့ မပြောင်းလိုကြကြောင်း ပြောသည်။ ဆိုင်ဆယ်ဆိုင်ကို လိုက်လံ မေးမြန်းရာတွင် တစ်ဆိုင်သာ ပြောင်းရွှေ့ မည်ဟုပြောပြီး ကျန်ကိုးဆိုင်က မပြောင်း လိုကြောင်း ဆိုသည်။

လမ်းသုံးဆယ်နှင့် အနော်ရထာလမ်း ထောင့်မှ ဘူးသီးကြော်ဆိုင်ရှင် ကိုခင် မောင်စောက ”ဒီမှာ အစိုးရ အဆက်ဆက် ကတည်း   ရောင်းစားလာတာ။ လူမရှိတဲ့နေ ရာမှာ သွားရောင်းခိုင်းမှတော့ ကျွန်တော် တို့က ရင်းသလောက် ပြုတ်မှာပဲ။ စည်းနဲ့ ကမ်းနဲ့ သတ် မှတ်ပြီး ဒီနေရာမှာပဲ ဆက် ရောင်းချင်တယ်” ဟု ပြောသည်။

ထိုသို့ ပြောင်းရွှေ့နိုင်ရန်အတွက် ဈေး သည်များကို စည်ပင်က ကြိုတင်အကြောင်း ကြားထားသော်လည်းတချို့က ယခင်နေ ရာ၌သာ ဆက်လက်ရောင်းချမည် ဖြစ် ကြောင်း ပြောသည်။

သိမ်ကြီးဈေးရှေ့တွင် အသုပ်စုံရောင်း ချနေသူ ကိုကျော်ကျော်ကတော့ ”လိုက် မှာမဟုတ်ဘူး။ နေကလည်းပူတယ်။ လူက လည်းမရှိဘူး။ ကျွန်တော်တို့က ဈေးမှီပြီး ရောင်းရတာ” ဟုပြောသည်။

ကားလမ်းကျပ်ခြင်းသည် နေ့စဉ် မနက်ကတည်းက ဖြစ်နေကျဖြစ်ပြီး လမ်း ဘေးဈေးသည်များကို လက်ညှိုးထိုးခြင်း သာဖြစ်ကြောင်း၊   ဈေးသည်များကို အ ပျောက်ရှင်းချင်သည့်သဘော ဖြစ်နေ ကြောင်း ကိုခင်မောင်စောက ပြောသည်။

ဗန္ဓုလလမ်းပေါ်သစ်သီးဆိုင်မှ ဒေါ်ချို က ”စားသုံးသူတွေ လိုက်ချင်တဲ့သူလိုက် လေ၊ အန်တီတို့ကတော့ ဒီမှာပဲရောင်း ချင်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တည်းကရောင်းလာတာ။ အရင်က ပလက် ဖောင်းပေါ် မီးမမွှေးရ၊ အခုက မီးမွှေး၊ လမ်းပေါ်တက်တော့ ကိုယ်လည်းတက်ရ တာပေါ့” ဟု စိတ်မရှည်သည့်လေသံဖြင့် ပြောသည်။

မည်သို့ပင်ဖြစ်စေ ဈေးသည်များအ နေဖြင့်မဖြစ်မနေ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ဈေးသစ်တွင် စည်းကမ်းများ ချမှတ်ပေး မည်ဖြစ်ကြောင်း မြို့တော်စည်ပင်စီမံရေး ရာဌာနမှူး ဦးမောင်မောင်ဇော်က ပြော သည်။

”စည်းကမ်းမလိုက်နာရင်တော့ စည် ပင်ဥပဒေအရ အရေးယူမယ်” ဟု ၄င်းက ပြတ်သားစွာ ပြောသည်။

ကမ်းနားလမ်းရှိ ၁၈ လမ်းထိပ်တွင် သစ်သီးရောင်းချနေသည့် ကိုဇော်လှိုင်မြ က ”ဒီကမ်းနားလမ်းမှာ ညဈေးလုပ်မှာဆို တော့အရမ်းပျော် တယ်။ ဒီမှာနဂိုအေးဆေး ရောင်းနေတဲ့ ကျွန်တော်တို့ ၆ ဦးကို ဖယ် ခိုင်းတယ်။ ၃ ဦးပဲ နေရာရသေးတယ်။ ကျွန်တော်တို့ မေတ္တာရပ်ခံချင် တယ်။ ဒီနေ ရာမှာ ၈ ပေလောက်ပဲ ပြန်ပေးပါ” ဟု ပြောသည်။

ညဈေးသစ်အစီအစဉ်ကို ထောက်ခံကြသူတွေ

ကမ်းနားလမ်း ညဈေးဖော်ဆောင်မှု နှင့် ပတ်သက်ပြီး ဈေးရောင်းသူများက မလိုလားသော်လည်း ရန်ကုန်မြို့ခံအများ စုက ထို အစီ အစဉ်ကို ထောက်ခံကြသည်။

”လုပ်သင့်တာကြာပါပြီ။ ဒီအစီအစဉ် ကို လုံးဝထောက်ခံပါတယ်။ အခုသိမ်ကြီး ဈေးမှာ ဆိုင်အတွက် ပစ္စည်းလာဝယ်ရင် ဘယ်အချိန်လာ လာ ဈေးသည်နဲ့ကား အ မြဲတမ်းကို ကျပ်နေတာ” ဟု ကိုကြည်သာ က ပြောသည်။

လက်ရှိ လမ်းဘေး ဈေးသည်များကို မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီထိ ခွင့်ပြုပေး ထားသော်လည်း ဈေးများ ကြိုခင်းခြင်း ပြဿနာကို စည်ပင် ဘက်မှ ထိထိရောက် ရောက် အရေးယူမှု အလွန်အားနည်းနေ သည်ဟု ရန်ကုန်မြို့ခံများက ဝေဖန်သည်။

”လသာတစ်လျှောက်က စားသောက် ဆိုင်တွေဆို ပလက်ဖောင်းပေါ်ကို ဆိုင်ခုံ တင်၊ ကားလမ်းပေါ်ကို စားပွဲကြီး ၂ လုံး လောက်ချပြီးကို ကျကျနန ရောင်းနေကြ တာ။ ဌာနဆိုင်ရာတာဝန်ရှိသူတွေ မယုံရင် ညနေ ၄ နာရီလောက် ဆူးလေကနေ စံပြ အထိ လမ်းလျှောက်ကြည့် ကြည့်ပါ။ ဘယ် လောက် စည်းကမ်းပျက်နေလဲဆိုတာ တွေ့ ရပါလိမ့်မယ်” ဟုမြောက်ဒဂုံတွင်နေထိုင် သည့် မနေခြည်ဝင်းက ပြောသည်။

ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် ယာဉ်မောင်းများကလည်း ထိုအစီအစဉ်ကို အောင်မြင်စေလိုကြသည်ဟု ကျောက်တံ တားတွင်နေ ထိုင်သည့် အငှားယာဉ်မောင်း ကိုလှမင်းက ပြောသည်။

”ကျွန်တော်တို့လည်း တစ်နေကုန် မောင်းမှ ထမင်းစားရတာ။ ကားလမ်းပိတ် လွန်းလို့ အခုအကုန်လုံးကို ဝင်တိုက်ချင် စိတ်ဖြစ်တယ်ဗျာ။ တစ်ခါတလေ စိတ်ကို မနည်းထိန်းရတယ်” ဟု လိုင်းကား မောင်း နှင်သူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ အဆင့်မီ ညဈေးတစ်ခု အဖြစ် အကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံခြားသား ဧည့်သည်များအတွက်လည်း ဆွဲဆောင်မှု တစ်ခုဖြစ်မည်ဟု ဧည့်လမ်း ညွှန်တစ်ဦးဖြစ်သူ မခင်သဇင်က ဆိုသည်။

”အစားအသောက်တွေအပြင် အမှတ် တရပစ္စည်းလေးတွေ၊ ဒေသထွက်ပစ္စည်း တွေအထိ လုပ်ပေးနိုင်ရင် နိုင်ငံတကာ ဧည့်သည်တွေ လည်း ပိုတိုးလာမယ်။  ဈေး သည်တွေ ရောင်းမကောင်းမှာတော့ စိတ် မပူစေချင်ဘူး။ ရောင်းကောင်းမှာပါ” ဟု ၄င်းကပြောသည်။

 အနော်ရထာလမ်းတစ်လျှောက် လေ့ လာနေသည့် အမေရိကန်နိုင်ငံသူတစ်ဦး ဖြစ်သူ မယ်ရီကလည်း ညဈေးသီးသန့် ရှိ လာပါက နိုင် ငံခြားသားများ ပိုမိုစိတ်ဝင်စား မည်မှာ အသေအချာပင် ဖြစ်သည်ဟု ဆို သည်။

”ဒီလိုနေရာမျိုး လည်ပတ်ရတာ အ ရမ်းသတိထားရတယ်။ အခုပဲကြည့် ကျွန်မ ကို ကားတက်ကြိတ်မိတော့မလို့။ ကျွန်မ မရှောင်ပြန်ေ တာ့လည်း ရှေ့ကစားပွဲကိုဝင် တိုက်မိမှာ” ဟု၎င်းက ဆိုသည်။ကောက်ရိုးမီးတော့ မဖြစ်စေချင်                 ၂ဝ၁၃ ခုနှစ်တွင် မြို့တွင်းလေး မြို့ နယ်ရှိ လမ်းဘေးဈေးသည်များကို ဗိုလ် ချုပ်ဈေးဝင်းထဲနေရာပေးရန် အကွက်ရိုက် ခဲ့ဖူးသည်။ သို့သော်လည်း ထိုအစီအစဉ်ကို ဈေး သည်များက ကန့်ကွက်သဖြင့် အောင် မြင်မှု မရှိခဲ့ပေ။

ယခုအစီအစဉ်ကိုမူ စည်ပင်အနေ ဖြင့် တိကျစွာ ဥပဒေနှင့်အညီ လုပ်ဆောင် စေလိုပြီး အောင်မြင်စွာအကောင် အထည် ဖော်ရန်   မျှော်လင့်ကြောင်း မနေခြည်ဝင်း က ဆိုသည်။

ဈေးသည်များအနေဖြင့်လည်း မပြောင်း ရွှေ့သေးဘဲ၊  မရောင်းသေးဘဲ ကန့်ကွက် နေခြင်းမှာ မဖြစ်သင့်ကြောင်း အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ကိုအောင် မျိုးက ပြောသည်။

”သွားတောင် မရောင်းသေးဘဲနဲ့ လာ မစားဘူး မပြောစေချင်ဘူး။ တကူးတက တောင် လာကြဦးမှာ။ ကမ်းနားဖြစ်တော့ ပိုတောင် သဘောကျကြဦးမယ်” ဟု ၄င်း က ပြောသည်။

ဈေးသည်များအား ပြောင်းရွှေ့စေရာ တွင် ရွှေ့ချင်သောသူရွှေ့၊ မရွှေ့ချင်သောသူ မရွှေ့ ဖြစ်လာပါက တည်ဆဲဥပဒေအရ တိတိကျကျ အရေးယူ ဆောင်ရွက်သင့် ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ယင်း အစီအစဉ် အောင်မြင်မည် ဖြစ်ကြောင်း မြို့ခံများကသုံးသပ်ကြသည်။

မကြာမီဖွင့်လှစ်မည့် ကမ်းနားလမ်း ညဈေးတန်း အမှန်တကယ် အသက်ဝင် လာစေရန် မြို့တော်စည်ပင်၏ ကြိုးစား မှုအပြင် ဈေးသည် များ၏ ပူးပေါင်းဆောင် ရွက်မှုကလည်း အဓိကကျသည်။

ကားလမ်းမပေါ်တွင် ကားများ ချော ချောမောမော မောင်းနှင်သည့်မြင်ကွင်းမျိုး၊ ကျယ်ဝန်းသော ပလက်ဖောင်းပေါ်တွင်  ပြည်သူများ စိတ်လက်ကြည်သာစွာလမ်း လျှောက်နေကြသည့် မြင်ကွင်းမျိုး၊ ထိုမြင် ကွင်းမျိုး ယခုနှစ်မကုန်ခင် တကယ်ပင် မြင်တွေ့ရမည်လား ဆို သည်ကတော့ စောင့်ကြည့်ရမည်သာ ဖြစ်သည်။

No comments:

Post a Comment