Saturday, November 19, 2016

မော်လမြိုင်ကျွန်း မြို့ နယ်၌ နိုဝင်ဘာ ပထမပတ်မှစကာ ဘဲဥများဈေးကျ၍ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ နိုဝင်ဘာပထမပတ်မှစကာ ဘဲဥဈေးနှုန်းများကျဆင်း နေမှုကြောင့် ဘဲမွေးမြူရေးလုပ်ငန်းကိုင်သူများ အရှုံးပေါ်နေကြောင်း သိရှိရသည်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ တွင် ဘဲဥတစ်လုံးလျှင်ကျပ် ၁၃ဝခန့်ရှိ ခဲ့သော်လည်း နိုဝင်ဘာလ ဒုတိယပတ် မှစ၍ ဘဲဥတစ်လုံးလျှင် ကျပ် ၈ဝခန့် ထိ ဈေးထိုးကျသွားကြောင်းသိရသည်။ ''ဘဲဥဈေးက အရမ်းကိုကျနေတယ်။ ဘာမှလုပ်မရဖြစ်နေတယ်။ဘဲဥရောင်း ရတာနဲ့ ဘဲအစာပြန်ကျွေးဖို့ မနည်းလုပ်နေရတယ်။ လူစားဖို့က တော့ ဘာလုပ်ရမှန်းတောင်မသိဘူး။ ကျွန်မက ဘဲအကောင်ရေ ၂ဝဝေ ကျာ် လောက်ရှိတယ်။ ဘဲဥဈေးက ဒီတစ်ခါအကျဆုံးပဲ။ သူ့ကိုလည်းအစာ ကျွေးမှ ဘဲကဥတာ။ အခုသူ့ကိုပဲကျွေးပြီး ကိုယ်ကအငတ်ခံရမယ့်သဘော ဖြစ်နေတယ်။ ဘဲဥဈေးကို အများကြီးမမျှော်လင့်ပါဘူး။ အရင်ထက် မပိုရင် နေပါ။ အရင်ဈေးနှုန်းကို ရောက်ရင် တော်ပါပြီ''ဟု ဘဲမွေးမြူသူ မစုစုခိုင်က ပြောသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ တောင်သူများသည် လယ်ယာလုပ်ငန်းနှင့်ယှဉ်တွဲ၍ မွေးမြူရေးလုပ်ငန်းများကို အိမ်စရိတ် အထောက်အကူ ရရန်လုပ်ကိုင်နေကြပြီး အိမ်ထောင် စုတစ်စုလျှင် ဘဲအကောင်ရေ ၁ဝဝ အထက် မွေးမြူကြကြောင်း သိရသည်။

No comments:

Post a Comment