Wednesday, November 23, 2016

မောင်တောတွင် လုံခြုံရေးအရ ပိတ်ထားရသည့် ကျန်းမာရေးဌာန အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်

အကြမ်းဖက်တိုက် ခိုက်မှုများကြောင့် လုံခြုံရေး အခြေအနေအရ ပိတ်ထားရသည့် မောင်တောနယ်စပ်ဒေသရှိ ကျန်း မာရေးဌာနအားလုံးနီးပါး ပြန် လည်ဖွင့်လှစ်ထားပြီး ကျန်းမာ ရေးဝန်ဆောင်မှုများ ပြန်ပေးနေ ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းလှိုင်က ပြော ကြားသည်။ အကြမ်းဖက်မှု ဖြစ်ပွားပြီး နောက် မောင်တောနယ်စပ်ဒေသ တွင် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ် သက်၍ နိုဝင်ဘာ ၂၁ ရက်က မောင်တောမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ် သည့် တွေ့ဆုံပွဲတွင် ရခိုင်ပြည် နယ် ကျန်းမာရေးဦးစီးဌာနမှူးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။


‘‘နိုဝင်ဘာလဆန်းကစပြီး ကျေးလက်ဒေသတွေမှာ တာဝန် ကျနေတဲ့ ကျန်းမာရေးဝန်ထမ်း တွေကို ပြန်လည်စေလွှတ်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ သရက် အုပ်ကျေးရွာနဲ့ မြင်းလွှတ်မြို့ကျန်းမာရေးဌာနနှစ်ခုသာ ဖွင့်လှစ်သွားဖို့ ကျန်ပါတော့တယ်’’ဟု မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 မောင်တော နယ်စပ်ဒေသ တွင် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရန် ကျန်းမာရေး ဌာနတစ်ခု တည်းသာမက အိုင်အင်န်ဂျီအိုအ ဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ပြောကြားထားသည်။

မောင်တောခရိုင်တွင် ဆေး ရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးဌာန စုစုပေါင်း ၁၁၃ ခု ရှိကြောင်း သ တင်း ရရှိသည်။ မောင်ကံ

No comments:

Post a Comment