Monday, November 21, 2016

ပြင်းအား ၆.၄ ၄ မဂ္ဂနီကျု့ရှိ မြေငလျင် အာဂျင်တီးနားတွင် လှုပ်ခတ်

တောင်အမေရိကတိုက် အာဂျင်တီးနားနိုင်ငံ အနောက်ပိုင်းဒေသမှာ ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ မြေငလျင်တခု မနေ့က လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ (USGS) ကထုတ်ပြန်ပါတယ်။
ဒီငလျင် ဗဟိုချက်ဟာ အာဂျင်တီးနားနိုင်ငံ ဆန်ဂျူအန်မြို့၏ အနောက်တောင် ပိုင်း ၁၆မိုင်အကွာကို ဗဟိုပြုလှုပ် ခတ်ခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ အပျက်အစီးအဆုံးအရှုံးနဲ့ အသေအပျောက်စာရင်းထွက်ပေါ် လာခြင်းမရှိသေးပါဘူး။ အိမ်နီးချင်း ချီလီရေတပ်ကတော့ ဆူနာမီဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လတ်တလော မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment