Monday, November 28, 2016

နေ့သင်တန်းတက်မည့် ကျောင်းသားကျောင်းသူများ ကျောင်းပြောင်းခွင့်တင်ပြပြီးမှ မူလကျောင်းတွင် ပြန်လည်တက်ရောက်မည်ဆို ပါက သက်ဆိုင်ရာကျောင်းတွင် ပြန်လည် တင်ပြရမည်

နေ့သင် တန်းတွင်တက်ရောက်မည့် ကျောင်း သားကျောင်းသူများအနေဖြင့် ကျောင်း ပြောင်းရွှေ့လျှောက် လွှာ တင်ပြပြီးမှ မူလ၀င်ခွင့်ရကျောင်းတွင် ပြန်လည် တက်ရောက်မည်ဆိုပါက တာဝန်ရှိ သူများထံသို့ ပြန်လည်တင်ပြရ မည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ခုနှစ်တွင် ဖွင့်လှစ်မည့် ပထမနှစ်ဘွဲ့ကြို ကျောင်းသား ကျောင်း သူများအနေဖြင့် မူလ၀င် ခွင့်ရရှိထားသော ကျောင်းများမှ အခြားများ သို့ ပြောင်းရွှေ့ လိုပါက ၀င်ခွင့်ရကျောင်း တွင် ကျောင်းပြောင်း ကြေး ၁၀၀ ကျပ်ပေးသွင်း ပြီး ကျောင်း ပြောင်းရွှေ့နိုင်ကြောင်း ၊ ကျောင်း ပြောင်း လျှောက် လွှာ တင်ပြီးသည့် အခါမှ မူလ၀င်ခွင့်ရကျောင်း တွင်ပင် ပြန်လည် တက်ရောက် လိုပါက ကျောင်း ရှိ သက်ဆိုင်ရာဌာန၊ တာဝန်ရှိသူထံ ဆက်သွယ် အကြောင်းကြားရမည် ဖြစ်ကြောင်း လာရောက်ဆက်သွယ် ခြင်းမရှိသည့် ကျောင်းပြောင်းရွှေ့ လျှောက်ထားသူများ၏ ခုံအမှတ် စာရင်းများကို ပယ်ဖျက်ခြင်းခံ ရမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သိရသည်။

"တချို့ကျောင်းသားတွေက မိဘက၀န်ထမ်းဖြစ်တော့ နယ်ပြောင်း ရတာမျိုးတွေရှိတယ်။ မိဘတွေပြောင်း တော့သားသမီးတွေက လိုက်သွား ရတာမျိုးဖြစ်တော့ ကျောင်းပြောင်း တင်ကြတယ်။ ကျောင်းပြောင်းတင် ပြီးတော့မှ မလိုက်ဖြစ်တာမျိုးတွေရှိ လာတော့ ငါဒီတက္ကသိုလ်မှာဝင်ခွင့် ရရှိထားပြီးသားပဲ ထပ်ပြောစရာမလို တော့ပါဘူးလို့ ထင်တတ်ကြတယ်။ သူ ပြောင်းမယ်ဆိုလို့ သက်ဆိုင်ရာကျောင်း က ကျောင်းပြောင်းစာရင်း ထဲထည့် ပြီးခုံနံပါတ်ကဖျက်ပြီးသား ဖြစ်နေ တယ်။ ပြောင်းတဲ့သူကလည်း အကျိုး အကြောင်းလာမပြောတော့ သူ့နေရာ ကိုအပြောင်းထဲပဲ ထည့် ထား လိုက် တာပေါ့။ ဒါကြောင့်ပြောင်းရွှေ့တာ တွေလုပ်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ချိတ်ဆက် ဆောင် ရွက်ဖို့လိုပါတယ် " ဟု အဆင့်မြင့် ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူက နိုဝင်ဘာ ၂၇ ရက်ကပြော သည်။
လက်ရှိတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ၂၀၁၆ခုနှစ် တက္ကသိုလ် ၀င်တန်းအောင် ကျောင်း သားကျောင်းသူများ လျှောက် ထား ခဲ့ သောနေ့သင် တန်း များ အတွက် ဘာသာရပ်၊ တက္ကသိုလ်များကိုခွဲဝေချ ထားပေးပြီးဖြစ်သော် လည်း အဝေး သင် တက္ကသိုလ် များကို လျှောက် ထား သော ကျောင်းသားကျောင်းသူများ ၏စာရင်းကို ထုတ်ပြန်ထားခြင်း မရှိ သေးကြောင်း သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ၄၀ ကျော်ရှိ ကြောင်းသိရသည်။
ATK

No comments:

Post a Comment