Wednesday, November 23, 2016

သေနတ်သံကြားက မူဆယ်မြို့

တရုတ်- မြန်မာ နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ်မြို့ အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေသည့်အတွက် မူဆယ်ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး လူအများအပြား နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ပြည်ဘက် စစ်ရှောင်ကြသလို တချို့လည်း မူဆယ်မြို့ပေါ်ရှိ ယာယီဒုက္ခသည်စခန်းတွေမှာ ကြောက်လန့်စွာ ခိုလှုံနေကြရတယ်။ စည်ကားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်ကတော့ တနင်္ဂနွေနေ့ တိုက်ပွဲတွေ စကတည်းက မြို့ပျက်ကြီးလို ချောက်ချားဖွယ် တိတ်ဆိတ်လို့ သွားခဲ့ပါပြီ။

No comments:

Post a Comment