Saturday, November 26, 2016

"ရန်ကုန်တိုင်းဒေသကြီးရုံး ဖောက်ခွဲမှု သံသယရှိသူ တရားခံနှစ်ဦးဖမ်းမိ"

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း အသေးစားဖောက်ခွဲမှု ပြုလုပ်သည်ဟုယူဆရသည့် သံသယရှိသူ တရားခံ နှစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးထားမိသူများမှာ အမျိုးသမီးနှစ်ဦးဖြစ်ပြီး ယင်းအမျိုးသမီးနှစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ပါဝင်သည့် အမျိုးသားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။ “မနေ့က ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ ထွက်ပေါက်တံခါးတွေ တန်းပိတ်လိုက်ပြီး ရှာဖွေရာမှာ ဒီရုံးထဲမှာပဲ ဖမ်းမိတာပါ။ထွက်ပြေးနေတဲ့ အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးနေပါတယ်။သူတို့ကို အထူးအဖွဲ့ဖွဲ့ပြီး ရန်ကုန်တိုင်းရုံးထဲမှာပဲ စစ်ဆေးနေပါတယ်။”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုဝင်ဘာ၂၅ရက် ညနေပိုင်းတွင် ရန်ကုန်မြို့တွင် အစိုးရရုံးအတွင်း အသေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် သံသယရှိ တရားခံများသည် ယခင်ရက်များက ပေါက်ကွဲမှုများနှင့် သက်ဆိုင်ခြင်း ရှိမရှိစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:

Post a Comment