Monday, November 21, 2016

ချောက်ပေါ် ကန့်လန့်ကျနေသော သစ်ပင်ကိုလွှဖြတ်စဉ် မြေပြိုပြီး အမျိုးသား တစ်ဦးသေဆုံး

ကောလင်းမြို့နယ် ကိုင်းဝန်းကျေးရွာအနီးတွင် ချောက်ပေါ်သို့ ကန့်လန်လဲကျနေသော သစ်ပင် ကို ငါးမန်းလွှဖြင့် ဖြတ်နေစဉ် မြေ ပြိုကျသဖြင့် အမျိုးသားတစ်ဦး မြေပိသေဆုံးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သတင်းရ ရှိသည်။ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ က ကိုင်းဝန်းကျေးရွာအ နောက်ဘက် နလင်တောင်ဘို့ ကွင်းရှိအနက် ခြောက်ပေအကျယ် ၁၂ ပေ ခန့်ရှိချောက်ပေါ်သို့ ကန့်လန့်လဲကျ နေသော လုံးပတ် သုံးပေ ခြောက်လက်မခန့်ရှိသော ပျဉ်းပင်အ ခြောက်ကို ဇနီးမောင်နှံနှစ်ဦးက ငါးမန်းလွှဖြင့် ဖြတ်နေစဉ် သစ်ပင်ခြေရင်းမှ မြေပြိုကျခဲ့သည်။ြေ မပြိုကျခြင်းကြောင့် အ သက် (၄၃) နှစ်အရွယ် အမျိုး သား၏ ဦးခေါင်းကို သစ်ကိုင်းဖြင့် ရိုက်မိပြီး ချောက်အတွင်းကျကာ မြေပိနေသဖြင့် ဇနီးသည်က ရွာ သားများအား ခေါ်ယူကာ တူးဖော်ခဲ့ရာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ ‘‘ချောက်ကမ်းပါးကန့်လန့် လဲနေတဲ့ သစ်ပင်အခြောက်ကို လင်မယားနှစ်ယောက် ငမန်းလွှနဲ့ ဖြတ်ရင်း မြေပြိုကျလို့ အမျိုးသား ဖြစ်သူက ချောက်ထဲကျပြီး မြေပိ သေဆုံးသွားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေမှုသေခင်းဖွင့် ပြီး စစ်ဆေးနေပါတယ်’’ဟု တိုင်း ဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 7Day Daily

No comments:

Post a Comment