Thursday, November 24, 2016

တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့တင်ပို့မည့်ဆန်အိတ်ခြောက်သိန်းခန့် မူဆယ်ဆန်ကုန်စည်ဒိုင်တွင် သောင်တင်နေ

မူဆယ်မြို့တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် နယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်အိတ်ခြောက်သိန်း ခန့်မှာမူဆယ်ဆန်ကုန်စည်ဒိုင်တွင် သောင်တင်နေ ကြောင်း  မူဆယ်နယ်စပ် ဆန်ကုန်သည်အသိုင်းအ၀ိုင်း ထံမှ သိရသည်။ တိုက်ပွဲမဖြစ်မီ တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တစ်ရက်လျှင်ဆန်အိတ်ရေ ငါးသောင်းခန့်တင်ပို့လျက်ရှိပြီး တိုက်ပွဲဖြစ်သည့် နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ ကုန်သွယ်မှုလုပ်ငန်းများ ရပ်တန့်သွားခြင်းကြောင့် တင်ပို့မှုလုံးဝမရှိတော့ဘဲဆန် အိတ်များသောင်တင်နေခြင်းဖြစ်ကြောင်း မူဆယ်ကုန် စည်ဒိုင်၏အတွင်းရေးမှူး ဦးရင်းစိန်က နိုဝင်ဘာ ၂၃ ရက်တွင် ဒီမိုကရေစီတူဒေးကို ပြောသည်။ ဦးရင်းစိန်က""တိုက်ပွဲမဖြစ်တုန်းကတော့ တရုတ် ကို တစ်ရက်အိတ်ရေ လေးသောင်း၊ ငါးသောင်းလောက် တင်ပို့မှုရှိပါတယ်။ ယခုကတော့တင်ပို့မှု လုံးဝမရှိတော့ ပါဘူး""ဟုဒီမိုကရေစီ တူဒေးကိုပြောသည်။
တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့ နေသောဆန် ကြမ်းဖြစ်သည့် ဧည့်မထ(တစ်အိတ်)လျှင် ကျပ် ၂၄၀၀၀ ၀န်းကျင်ရှိပြီး ငစိန် (တစ်အိတ်)လျှင် ကျပ် ၂၃၀၀၀ ရှိရာ တိုက်ပွဲမဖြစ်ခင်ကတည်းက ဈေးနှုန်းအတိုင်းပြောင်း လဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။
ဦးရင်းစိန်က ""ဆန်တင်ပို့မှုက လတ်တလောသွား လို့မရတဲ့အတွက် ရပ်ထားရတယ်။ ဆန်ကြမ်းဈေးကွက် ကတော့ပြည်ပဖြစ်တဲ့ တရုတ်ကိုတင်ပို့လို့မရတော့ဘူး။ ဂိုဒေါင်တွေမှာ ဆန်တွေကျန်ပါတယ်။ တရုတ်ကလည်း ပေးမသွားတော့တဲ့အတွက် ဒီမှာလက်ကျန်တွေက ပိုများနေပါတယ်""ဟု ပြောသည်။ နယ်မြေအေးချမ်းသွားပါက ကုန်သွယ်ရေးလုပ်ငန်း များပြန်လည်စတင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ လည်း ဆန်ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း ကုန်သည် အသိုင်းအ၀ိုင်းက ဆိုသည်။
နယ်စပ်ဆန်ကုန်သည်တစ်ဦးက""အခုတော့ ဒီ အတိုင်းပဲထားပြီး တိုက်ပွဲတွေပြန်ငြိမ်သွားရင်တော့ ပြည်ပကိုပြန်လည်တင်ပို့မှာပါ။ သောင်တင်နေတဲ့ ဆန် အိတ်တွေကတော့ ဂိုဒေါင်တွေမှာရှိပါတယ်။တိုက်ပွဲ တွေ၊ စစ်ပွဲတွေအားလုံးရပ်လိုက်မယ်ဆိုရင် အခြေအနေတွေ ပြန်လည်ကောင်း
မွန်သွားပါလိမ့်မယ်""ဟု ပြောသည်။မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တရုတ် နိုင်ငံသို့ ဆန်ကိုအဓိကတင်ပို့လျက်ရှိပြီးလက်ရှိတွင်
ပြည်ပဆန်တင်ပို့မှုအတွက် ပင်လယ်ရေကြောင်းမှ တစ် ဆင့် တင်ပို့ရန်ပြင်ဆင်နေကြောင်း ပြည်တွင်းဆန်ကုန် သည်အသိုင်းအ၀ိုင်းမှ သိရသည်။
WYHW , TNO

No comments:

Post a Comment