Sunday, November 20, 2016

မူဆယ် ၁၀၅ မိုင် (နံနက် ၁၀နာရီခွဲချိန်) နောက်ဆက်တွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်တွင် ယနေ့ နိုဝင်ဘာ ၂၀ရက် နံနက် ၆နာရီခွဲခန့်မှ စပြီး သုံးနာရီကြာ ကေအိုင်အေ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဦးပွဲချင်းပြီး သေဆုံးကာ၊ ၁၀ဦးကျော် ဒဏ်ရာရထားကြောင်း တိုက်ပွဲနှင် အနီးစပ်ဆုံး နေအိမ်မှ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ တိုက်ပွဲအတွင်း သစ်သီးရောင်းကွင်းတွင် ဈေးရောင်းသူများ နှင့် ဈေးလာဝယ်သူများ ၃နာရီကျော်ကြာ ပိတ်မိခဲ့ပြီး တိုက်ပွဲမှာ ၉နာရီ ၂၀ မိနစ်တွင် ပြီးဆုံးသွားပြီဟု ၎င်းက ပြောသည်။ (ဓာတ်ပုံ- ဒေသခံတစ်ဦး) တိုက်ပွဲနှင့်ပတ်သက်၍ အတည်ပြုချက် ထပ်မံရရှိရန် မဇ္ဈိမက နှစ်ဖက်တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး သတင်းများကို ထပ်မံတင်ဆက်ပေးသွားပါမည်။

No comments:

Post a Comment