Tuesday, November 22, 2016

အသင်းကစားပုံနှင့်ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာ သတိပေး

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေမျိုးနဲ့ ဆက်ကစားရင် ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူးလို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးဟာ နောက်ဆုံးကန်ခဲ့တဲ့ ၅ ပွဲမှာ အိမ်ကွင်း ၃ ပွဲစလုံး ၁ ဂိုးစီ သရေသာ ရခဲ့တာပါ။ အဲဗာတန်၊ ဆောက်သမ်တန်နဲ့ မစ်ဒယ်ဘရော့တို့ကို အိမ်ကွင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင်မရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပြီး ဒီလိုသာ ကစားမယ်ဆိုရင် ဖလားရမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ အဝေးကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲမှာဆိုရင်  သရေကျနေပြီးမှ အနိုင်ရခဲ့တာပါ။ သူ့အနေနဲ့ အသင်းရဲ့စိတ်ဓာတ်ကို ချီးကျူးပေမယ့် အဲဒီလို ဆက်ကစားရင်တော့  အခြေအနေ မကောင်းနိုင်တဲ့အကြောင်း သတိပေးပြောခဲ့တာပါ။ မန်စီးတီးဟာ ဇယားထိပ်က ချယ်ဆီးနဲ့ ၁ အမှတ်အကွာမှာရှိနေပြီး လီဗာပူးနဲ့ အမှတ်တူ ဂိုးကွာခြားချက်အရ တတိယနေရာမှာ ရှိနေတာပါ။ စတုတ္ထနေရာက အာဆင်နယ်နဲ့လည်း ၂ မှတ်ပဲပြတ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

No comments:

Post a Comment