Monday, November 28, 2016

လူနာ ၃၀၀ ကို လာမည့်နှစ်ဆန်းတွင် ခြေတုအခမဲ့ တပ်ဆင်ပေးမည်

ဦးနု-ဒေါ်မြရီဖောင်ဒေး ရှင်းနှင့် အိန္ဒိယအခြေစိုက် ခြေတု တပ်ဆင်သည့်အဖွဲ့ (BMVSS) တို့ပူးပေါင်း၍ လူနာ ၃၀၀ ဦးကို လာမည့်နှစ် ဇန်န၀ါရီတွင် ခြေတုများအခမဲ့တပ်ဆင်ပေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။ြေ ခတု တပ်ဆင်လိုသူများ အား လာမည့် ဒီဇင်ဘာလအတွင်းတပ်ဆင်ပေးရန် စီစဉ်ခဲ့သော် လည်း (BMVSS) အနေဖြင့် မြန် မာနိုင်ငံသို့ ခြေတုတပ်ဆင်ရန် ပစ္စည်းများတင်ပို့ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြန့်ကြာမှု များရှိခဲ့ကြောင်း ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးစိုးလွင် က ပြောသည်။ ‘‘အခုစာရင်းပေးထားတာ လူ ၅၀၀ နီးပါးရှိတယ်။ ပထမအသုတ်၃၀၀ တပ်ပေးမယ်။ ကျန်တဲ့သူတွေက နောက်တစ်သုတ်မှာဖြစ်မယ်’’ ဟု ဦးစိုးလွင်က ပြောသည်။



ယခုအစီအစဉ်ကို အိန္ဒိယ နိုင်ငံအစိုးရက ပံ့ပိုးကူညီခြင်းဖြစ် ပြီး ခြေတုပစ္စည်းများ ဒီဇင်ဘာလ တွင် ရောက်ရှိမည်ဖြစ်ကာ အိန္ဒိယမှ ခြေတုပညာရှင် ၁၀ ဦးက လာ ရောက်တပ်ဆင်ပေးမည်ဟု သိရ သည်။

ဒဂုံမြို့သစ်တောင်ပိုင်း ပိဋ ကတ်သုံးပုံနိကာယ်စာသင်တိုက် ကြီးတွင် လူနာ ၃၀၀ ဦးအား ခြေတုအခမဲ့တပ်ဆင်ခြင်း အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်မည် ဖြစ်သည်။

BMVSS ခြေတုတပ်ဆင်ရေး အဖွဲ့ (JAIPUR FOOT) သည် အိန္ဒိယနိုင်ငံ ရာဂျာစသန်ပြည်နယ် (RAJASTHAN STATE)၊ ဂျေပူရ် မြို့ (JAIPUR) တွင် တည်ရှိသည်။အဆိုပါအဖွဲ့သည် အိန္ဒိယအခြေ စိုက် ကမ္ဘာ့အကြီးဆုံး ခြေတုတပ် ဆင်ရေးအဖွဲ့ဖြစ်ပြီး ယခုအချိန် အထိ ကမ္ဘာတစ်ဝန်း၌ ခြေတု ပေါင်း ၁ ဒသမ၅ သန်းတပ်ဆင်ပြီး ဖြစ်သည်။

 ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း ယင်းအဖွဲ့ကို စီးပွားရေးနှင့် လူမှုရေးကောင်စီအထူး အတိုင်ပင်ခံအဆင့် သတ်မှတ်ပေးထားသည်။ ဇေနွေထွန်း

No comments:

Post a Comment