Tuesday, November 22, 2016

ဂျပန်မှာ အင်အားပြင်းငလျင်လှုပ် ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံ ဖူကူရှီးမား ပင်လယ်ပြင်မှာ ပြင်းအား ၇.၃ ရှိတဲ့ ရေအောက်ငလျင် ဒေသစံတော်ချိန် နံနက် ၆ နာရီမှာလှုပ်သွားပါတယ်။ ဖူကူရှီးမားကို ၃ မီတာအမြင့်ရှိလှိုင်းလုံးတွေ ရိုက်ခတ်နိုင်ကြောင်း ဂျပန်အာဏာပိုင်တွေ အဆက်မပြတ် သတိပေးနေတယ်လို့ ဂျပန်ရောက် မိတ်ဆွေတွေက ပြောပါတယ်။  "တိုကျိုကတာ့ ဘာမှမဖြစ်ပါ။ လူတိုင်းရုံးသွား ကျောင်းသွားနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်နေကြပါတယ်။ ဖူကူရှီးမားဒေသကတော့ အစိုးရက လူတွေကို ရွှေ့ပြောင်းပေးနေပါတယ်။ အဲ့ဒီဒေသက ပြန်လည်ထူထောင်ရေး လုပ်ပြီးခါစ ဒေသဖြစ်ပါတယ်" လို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နေထိုင်တဲ့ မထက်ထက်နုဌေးက မဇ္ဈိမကို ပြောပါတယ်။ ဖူကူရီးမားမှာ ၂၀၁၁ ခုနှစ်က ပြင်းထန်ငလျင် လှုပ်ခဲ့တာမှာ နြူကလီးယား ဓာတ်ပေါင်းဖိုတွေ ယိုစိမ့်မှုဖြစ်ခဲ့ပါသေးတယ်။

No comments:

Post a Comment