Monday, November 21, 2016

ရှမ်းမြောက်တိုက်ပွဲ အခြေအနေ တရုတ်ဘက်သို့ အကြောင်းကြားထား

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIA, TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့များက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်၊ရဲတပ်ဖွဲ့ စခန်းများနှင့် ကုန်သွယ် ရေး  စခန်းများကို  ၀င်ရောက် တိုက်ခိုက်သည့် အခြေအနေကို တရုတ်သံရုံးသို့အကြောင်းကြား ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘နယ်စပ်မှာဖြစ်တာဆိုတော့ ဒီဘက်အခြေအနေကို သူတို့သိရ အောင် လှမ်းပြောထားတဲ့သဘော ပါ’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေး စိုးက ပြောသည်။ KIA (ကချင်)အဖွဲ့၊ TNLA (တအာင်းပလောင်)  အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီ ခန့်ကစ၍ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ (၁၀၅)မိုင် ကုန်သွယ်ရေး စခန်းတို့ကို တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များအပါအ၀င် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ် ရာရရှိမှုများ ဖြစ်ပွားခဲ့သည်ဟုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး က နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် သတင်းထုတ်ပြန်ထား သည်။ ၂၀၁၅ က ဖြစ်ပွားသည့် မြန်မာ-တရုတ်နယ်စပ်ရှိ ကိုးကန့် ဒေသတိုက်ပွဲအတွင်း တရုတ်နိုင်ငံ ဘက်အခြမ်းသို့ ကျည်ကျရောက် မှုဖြစ်ပွားခဲ့သည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေ သည့်(၁၀၅)မိုင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းသည် မြန်မာ နိုင်ငံအကြီးဆုံး နယ်စပ်ကုန်သွယ် ရေးစခန်း ဖြစ်သည်။ နန္ဒ၊ ရန်မျိုးနိုင်

No comments:

Post a Comment