Tuesday, November 29, 2016

တိုက်ပွဲကြောင့် ပိတ်ထားသည့်မန့်ဝိန်းကြီး- နမ့်ခမ်းလမ်း အမြန်ဆုံးပြန်ဖွင့်ပေးရန် တောင်းဆို

ကချင်ပြည်နယ် မန်စီမြို့ နယ် မန့်ဝိန်းကြီးဒေသတွင် တိုက် ပွဲများဖြစ်ပွားမှု ကြောင့် မန့်ဝိန်း ကြီး-နမ့်ခမ်းလမ်းကို တပ်မတော်က ပိတ်ထားရာ စစ်ဘေး ဒုက္ခသည် များ အပါအဝင် ဒေသခံများ အခက်အခဲကြုံနေ၍ လမ်းအမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် မန်စီမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် စိုင်းအေးမင်းက တောင်းဆိုသည်။ တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA) တို့သည် ယင်းဒေသတွင် နိုဝင်ဘာ ၂၃ ရက်က စတင်၍ တိုက်ပွဲများဖြစ်ပွားနေ ပြီး နေ့စဉ်ပစ်ခတ်မှုများ ကြားနေရ ကြောင်း ၎င်းကဆိုသည်။ ‘‘စားဝတ်နေရေးက တစ် ကြောင်းပေါ့။ အဓိကအားထားရ တာက နမ့်ခမ်းကိုပဲ အားထားရ တာ။ လတ်တလော ပြည်သူတွေ ဘာတွေလိုအပ်လဲဆိုရင် အလွယ် တကူနဲ့ မြန်မြန်ဆန်ဆန် တရား ဝင်သွားနိုင်ဖို့က နမ့်ခမ်းလမ်းကိုပဲ သူတို့က အားထားချင်တယ်။ တပ်မတော်က လုံခြုံရေးအရ ရှမ်း ပြည်နယ် နမ့်ခမ်းနဲ့ ကချင်ပြည် နယ် မန့်ဝိန်းကြီးကြားက ပြည် ထောင်စုလမ်းမကို ပိတ်ထား တယ်။ ရှမ်းပြည်ကလာရင် ရွှေလီ တံတားမှာ သူတို့တားထားတယ်။ ကချင်ပြည်နယ်ကဆိုရင် ဟင်လုံ တံတားက စပိတ်ထားတာ။ ဒါကို အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်’’ဟု စိုင်းအေးမင်းက ပြောသည်။


လမ်းပိတ်ထားမှုနှင့် ပတ် သက်၍ တာဝန်ကျတပ်မတော် အရာရှိအား သွားရောက်မေးမြန်းရာ လုံခြုံရေးအရ ပိတ်ထားရခြင်း ဖြစ်သည်ဟု ပြန်လည်ပြောကြား သော်လည်း မည်သည့်အချိန်အ ထိ ပိတ်ထားမည်ဆိုခြင်းကို ပြော ကြားခြင်းမရှိ၍ ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကိုယ်စားလှယ် စိုင်းအေး မင်းက ပြောသည်။
တပ်မတော်နှင့် KIA တို့အကြား ၂၀၁၁ က ဖြစ်ပွားသော တိုက်ပွဲများကြောင့် ယင်းဒေသတွင် စစ်ဘေးဒုက္ခသည်စခန်းလေးခု ဖွင့်လှစ်ရာ ဒုက္ခသည်လေးထောင်ကျော် ရှိခဲ့ကြောင်း၊ ၂၀၁၄ တွင်လည်း ယင်းဒေသ၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သောကြောင့် ဒေသခံအများအပြား တရုတ်နိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သတင်းရရှိသည်။
‘‘၂၀၁၄ မှာ နယ်မြေရှင်းလင်းရေးလုပ်တော့ ကျွန်တော်တို့တွေ အားလုံး ပြေးရတယ်။ အဲဒီလိုပြေး တော့ တရုတ်ပြည်ဘက်ကို ချက် ချင်းအဝင်မခံဘဲနဲ့ ကျွန်တော်တို့ ချောင်းမှာပဲ ပိတ်မိနေတယ်။ အခု လည်း ဒီလိုဖြစ်မှာကြောက်တယ်။ တကယ်လို့ တိုက်ပွဲဖြစ်လို့ အလုံး အရင်းသွားရင်တောင် ကျွန်တော် တို့ကို လက်ခံနိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ (တရုတ် နိုင်ငံဘက်က)မနေ့က အခြေ အနေအထိ တင့်ကားတွေ အများ ကြီးနဲ့ လုံခြုံရေးချထားတယ်ဆို တော့ ဒီဘက်မှာ တိုက်ပွဲဖြစ်မယ် ဆိုရင် ၂၀၁၄ လိုကြုံမှာကို စိုးရိမ် နေရတာ။ အထူးသဖြင့် တိုက်ပွဲ တွေ ရွာတွေထဲ ဝင်လာမယ်ဆိုရင် ကျွန်တော်တို့က စစ်ဘေးရှောင်ဖို့ ဘယ်လိုမှ အဆင်မပြေဘူး’’ဟု စိုင်းအေးမင်းက ပြောသည်။
မန့်ဝိန်းကြီးဒေသတွင် ရှမ်း တိုင်းရင်းသား အများဆုံးနေထိုင် သည့် ကျေးရွာ ၁၈ ရွာရှိပြီး စစ်ဘေးဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ အပါအဝင်စုစုပေါင်း လူဦးရေ တစ်သောင်းကျော် ရှိနေ ကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment