Monday, November 21, 2016

တောင်ကိုရီးယား သမ္မတအား ရာထူးမှနုတ်ထွက်ရန် လူသိန်းနှင့်ချီပါဝင်သော လေးပတ်မြောက် ဆန္ဒပြမှု ပြုလုပ်

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ပတ်သက်နေသော တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးအား ရာထူးမှနုတ်ထွက်ရန် လေးပတ်မြောက် တောင်းဆိုဆန္ဒပြမှုအဖြစ် နိုဝင်ဘာ ၁၉ ရက်တွင် မြို့တော်ဆိုးလ်၌ ပြုလုပ်သော ဆန္ဒပြမှုတွင် လူသန်းဝက်ခန့်အထိ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ တောင်ကိုရီးယားတွင် ၁၉၈၀ ပြည့်လွန်နှစ်များက ပြုလုပ်ခဲ့သော ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများနောက်ပိုင်း ဧရာမ ဆန္ဒပြမှုများအဖြစ် ယင်းကဲ့သို့ အပတ်စဉ် ပြုလုပ်သော ဆန္ဒပြမှုများကြောင့် ပက်၏ သမ္မတအာဏာကို သိသိသာသာ စိန်ခေါ်မှု ဖြစ်နေခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြမှုတွင် လူတစ်သန်းခန့်အထိ ပူးပေါင်းပါဝင်ခဲ့ပြီး ယခုဆန္ဒပြမှုတွင်လည်း ဆိုးလ်$ လူ ၅၀၀ç၀၀၀ ၀န်းကျင် အထိ ပါဝင်နိုင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းရှိ အခြားဒေသများတွင်လည်း အလားတူ ဆန္ဒပြမှုများ ပြုလုပ်လိမ့်မည်ဟု ဆန္ဒပြမှုစီစဉ်သူများက မျှော်လင့်ထားသည်။ လတ်တလော အချိန်အထိ ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြမှု များသည် ငြိမ်းချမ်းစွာ ပြုလုပ်နေခြင်းဖြစ်ပြီး မိသားစုအများအပြားက ပူးပေါင်းပါဝင်ခဲ့ ကြသည်။
နိုဝင်ဘာ ၁၉ ရက်တွင်လည်း ရဲတပ်ဖွဲ့ဝင် အများအပြားအား ချထားခဲ့ပြီး သမ္မတအိမ်တော်သို့ သွားရောက်သည့် လမ်းများအား ဘတ်စ်ကားများနှင့် ထရပ်ကားများဖြင့် ပိတ်ဆို့ထားကြောင်း သိရသည်။
ယခုသီတင်းပတ် အစောပိုင်းက အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသား ထောင်နှင့်ချီလည်း ယင်းဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်လာမည်ဟု ဆန္ဒပြမှုအား စီစဉ်သော ကိုရီးယားအလုပ်သမား သမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် နမ်ဂျောင်ဆုက ပြောကြားခဲ့သည်။ ဆန္ဒပြမှုအတွင်း သော ဖယောင်းတိုင်အား လေထဲတွင် ကိုင်မြှောက်ထားဟန် ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာပေါ်တွင် စမတ်ဖုန်းသုံးစွဲမှု အသိပ်သည်းဆုံးဖြစ်သော တောင်ကိုရီးယားတွင် မီးထွန်းထားသည့် ဖယောင်းတိုင်ကို ပြုလုပ်ထားသည့် အထူးဆော့ဝဲဖ် တစ်မျိုးအား လူအများအပြားက download ချခဲ့ကြသည်။
သမ္မတပက်သည် ၎င်း၏ လူယုံမိတ်ဆွေ ချွိုင်ဆွန်ဆီက အခရာကျနေသော နိုင်ငံရေး အရှုပ်တော်ပုံနှင့် ပတ်သက်၍ နိုင်ငံသို့ တောင်းပန်သည့် ရုပ်သံမိန့်ခွန်းနှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ၎င်းအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ချွိုင်အား လိမ်လည်မှုနှင့် အာဏာ အလွဲသုံးစားပြုမှုတို့ဖြင့် ဖမ်းဆီးခဲ့ပြီး အစိုးရ ရှေ့နေများက စစ်ဆေးမေးမြန်းနေသည်။
လူထုထောက်ခံမှု စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းခဲ့သော်လည်း ပက်ကရာထူးမှ နုတ်ထွက်ရန်ဆန္ဒမရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားသည်။ ၎င်း၏အာဏာ ရပါတီ Saenuri မှ အဖွဲ့ဝင်အချို့ကလည်း ပြီးခဲ့သောလတွင် ဖြစ်ပွားခဲ့သော လူထုဆန္ဒ ပြမှုများအား ဝေဖန်ခဲ့သည်။ ပက်သည် လာမည့်သီတင်းပတ်တွင် ပီရူး၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီး (အေပက်) သို့ တက်ရောက်မည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ သို့သော် လာမည့်လတွင် တိုကျို၌ နှစ်စဉ်ပြုလုပ် နေကျ တရုတ်၊ ဂျပန်ခေါင်းဆောင်များနှင့် ထိပ်သီးသို့ ပက်က တက်ရောက်မည်ဟု ကြေညာခဲ့သည်။
Ref:AFP

No comments:

Post a Comment