Sunday, November 20, 2016

မုံရွာစီးပွားရေးတက္ကသိုလ်အနီး ယာယီစွန့်ပစ်ခဲ့သော အမှိုက်များ ပြန်လည်သိမ်းဆည်းမည်ဟုဆို


 ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ယာယီစွန့်ပစ်ခဲ့သော မုံရွာစီးပွားရေး တက္ကသိုလ်အနီး အဝေးပြေးကား လမ်းမကြီးဘေး ဝဲယာရှိ အမှိုက်များကို ပြန်လည်သိမ်းဆည်းမည်ဟု မုံရွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးကျော်မျိုးဝင်းက ပြောသည်။ အမှိုက်ပစ်ရန် မြေနေရာသတ် မှတ်ထားသော မုံရွာစီးပွားရေး တက္ကသိုလ်အရှေ့တောင်ဘက်ရှိ ကိုင်းတောကျေးရွာအနီး မြေ(၁၀) ဧကသို့ သွားသည့်လမ်းသည် ပြုပြင်နေဆဲဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အမှိုက်သယ် ယာဉ်များ သွားလာရန် ခက်ခဲ၍ မုံရွာစီးပွားရေး တက္ကသိုလ်အနီး အဝေးပြေးကားလမ်းဘေးဝဲယာ တွင် ယာယီအမှိုက်စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။



‘‘မုံရွာစီးပွားရေးတက္ကသိုလ် တောင်ဘက်က ယာယီပစ်ထား တဲ့အမှိုက်တွေ ပြန်သိမ်းမှာပါ။ မိုး ရွာတဲ့အခါ ကျွန်တော်တို့မှာ တော်တော် ဒုက္ခရောက်ပါတယ်။ အ မှိုက်ကားတွေ ဝင်မရဘူး။ ဗွက် လည်နေတယ်။ ထွက်မရဆုတ်မရဘက်ဟိုးတွေနဲ့ သွားဆွဲရတာတွေ အများကြီး ကြုံခဲ့ရတယ်’’ဟု ဦး ကျော်မျိုးဝင်းက ပြောသည်။

 ‘‘စည်ပင်သာယာက လမ်း ဘေးဝဲယာအမှိုက်တွေ ပစ်သွား တယ်။ တချို့က အမှိုက်တွေ မီးရှို့ လို့ အနီးပတ်ဝန်းကျင်မီးလောင် မှာလည်း စိုးရိမ်ရတယ်။ အမှိုက်ပုံ ရဲ့ အနံ့ဆိုးတွေကြောင့် အနီးပတ် ဝန်းကျင်နေထိုင်သူတွေ ကျန်းမာ ရေးထိခိုက်မှာစိုးရိမ်ရတယ်။ အ မှိုက်တွေ များလာတဲ့အခါ လမ်း ဘေးစိုက်ပျိုးထားတဲ့ နှစ်ရှည်သစ် ပင်တွေလည်း ခြောက်ပြီး သေ သွားတာလည်း ရှိလာပြီ’’ဟု မုံရွာ စီးပွားရေးတက္ကသိုလ်အနီးတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ကိုဖိုး ထိုက်က ပြောသည်။

ယခုနှစ်အတွင်း မုံရွာမြို့နယ် စည်ပင်သည် မြို့ပေါ်ရပ်ကွက် များတွင် ခေါင်းလောင်းထိုးအမှိုက်  သိမ်းစနစ် စတင်ကျင့်သုံးခဲ့ပြီး အ မှိုက်သိမ်းယာဉ်အစီး ၂၀ ဖြင့် နေ့ စဉ် အမှိုက်များ သိမ်းဆည်းနေ သည်။ မုံရွာမြို့ပေါ် ဈေးကြီးများ အမှိုက်သိမ်းဆည်းနိုင်ရေး ညပိုင်း အမှိုက်သိမ်းယာဉ်များ ထားရှိပြီး အမှိုက်စွန့်ပစ်နိုင်ရန် စီစဉ်ဆောင် ရွက်ထားသည်ဟုဆိုသည်။ စီးပွား ရေးလုပ်ငန်းသုံးအမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ အခကြေးငွေဖြင့် အမှိုက်စွန့်ပစ် နိုင်ရန် စီစဉ်ထားပြီး နေအိမ်များရှိ တစ်နိုင်တစ်ပိုင် မီးဖိုဆောင်သုံး အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာ ပေးဆောင် ရန် မလိုဘဲ နေ့စဉ် အမှိုက်သိမ်း ယာဉ်များဖြင့် မြို့ပေါ်ရပ်ကွက်များ တွင် နေအိမ်ရှေ့အရောက် လှည့်လည်သိမ်းဆည်းနေကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ သိရသည်။ မျိုးမင်းဦး

No comments:

Post a Comment