Saturday, November 26, 2016

ဖိနပ်စက်ရုံ တစ်ရုံတွင် မီးလောင်မှုဖြစ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သီတာအေး ရပ်ကွက်၊ အကွက်အမှတ် ၉၀၂ မြောက်ပိုင်းရှိ ကုလားအုပ်ပြာ ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၂၆ ရက်(ယနေ့) နံနက် ၉း၃၈ နာရီခန့်က လုပ်ငန်းခွင် အတွင်း ဖိနပ်ကော်ကပ်ရန် ရာဘာကော်ကြို ရာမှ တစ်ဆင့် မော်တာဒလက်က စတင်ကာ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုကို Level 1 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ် ၁၀ စီးဖြင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦးနှင့် ရပ်ကွက်နေ ပြည် သူများက ၀ိုင်းဝန်းငြှိမ်းသတ်ရာ ၀၉း၄၂ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုကြောင့် ဖိနပ်စက်ရုံ လုပ်သားတစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ လုပ်ငန်းသုံး ပစ္စည်းအချို့နှင့် ဖိနပ်များ ပျက်စီးဆုံးရှုံးကြောင်းနှင့် ပိုင်ရှင် ဦးကျော်မြင့်နှင့် မန်နေဂျာ ဒေါ်ကြူလီစန်း တို့အား အမှတ် ၁၁ ရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ The Ladies News

No comments:

Post a Comment