Wednesday, November 30, 2016

မြန်မာမီဒီယာအဖွဲ့ယူနန်တက္ကသိုလ်သို့သွားရောက်လေ့လာ တက္ကသိုလ်မီဒီယာစင်တာမှ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များနှင့်တွေ့ဆုံ

မြန်မာ ပြည်ရှိမီဒီယာများကို စာနယ်ဇင်းလွတ်လပ်ခွင့်ပြုပြီးနောက် ပြန်ကြားရေး ၀န်ကြီးဌာနများ၏ တာဝန်နှင့်လုပ် ပိုင်ခွင့်၊ မီဒီယာအပေါ်ကြီးကြပ်ဆောင် ရွက်မူအပိုင်းများကို ယူနန်တက္ကသိုလ် School of Journalism မှ မေးခွန်း ထုတ်မေးမြန်းခဲ့ကြသည်။နိုဝင်ဘာ ၂၉ ရက်တွင် ယူနန် တက္ကသိုလ် School of Journalism မှပါမောက္ခများနှင့် ယူနန်တက္ကသိုလ် ၌ ဖွင့်လှစ်ထားသည့် မြန်မာမီဒီယာ သုသေသနစင်တာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် မြန်မာ့မီဒီယာအဖွဲ့ တို့တွေ့ဆုံကာ နှစ်နိုင်ငံမီဒီယာကဏ္ဍနှင့်ပတ်သက် သည့်ကိစ္စရပ်များကို ယူနန်တက္ကသိုလ် တွင်တွေ့ဆုံဆွေးနွေးရာတွင်School of Journalism Yunnan University rS Professor Vice Dean Ms. Shan Xiao Hong မှပြန်ကြားရေးဝန်ကြီး ဌာနသို့ မေးခွန်းထုတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းင်းက ""သတင်းမီဒီယာလွတ် လပ်ခွင့်ကို မြန်မာနိုင်ငံကခွင့်ပြုပေး ခဲ့ပြီးဖြစ်တယ်ပေါ့။ အဲဒီလိုခွင်ပြုပေး ပြီးတဲ့နောက်မှာရော ပြန်ကြားရေး ၀န်ကြီးဌာနက ဘာတာဝန်တွေယူ ဆောင်ရွက်နေပါသလဲ။ ပုဂ္ဂလိက မီဒီယာတွေရဲ့သတင်းရေးသား၊ ထုတ် ဝေမှုတွေအပေါ်ရော အစိုးရရဲ့ကြီး ကြပ်မှုကရောဘယ်လိုရှိလဲ""ဟု School of Journalism Yunnan University မှ Professor Vice Dean Ms. Shan Xiao Hong က မြန်မာနိုင်ငံဘက်သို့ ပြန်လည်မေးခွန်း ထုတ်မေးမြန်းခဲ့ခြင်းသည်။

၎င်းင်းမှဆက်လက်၍တရုတ် နိုင်ငံတွင်လည်း မြန်မာနိုင်ငံကဲ့သို့ ပြန်ကြားရေးဌာနရှိပြီး ယင်းဌာနမှ မီဒီယာသတင်းရေးသားမှုနှင့်ပတ်သက်
၍သတင်း၏မှန်ကန်မှု၊ နိုင်ငံလုံခြုံရေး၊ ဘာသာရေးအစရှိသည်တို့ကို မထိ ခိုက်စေရန် ထိန်းချုပ်ကွပ်ကဲကန့်သတ် မှုရှိကြောင်း၊ လက်ရှိတွင်လည်း တရုတ် နိုင်ငံတွင် အင်္ဂလိပ်၊ မြန်မာ၊ ကမ္ဘောဒီး ယား၊ တရုတ်၊ ဂျပန်အစရှိသည့် သတင်းဌာနများဖွင့်ခွင့်ပြုကာ ထုတ် ဝေခွင့်ပြုထားကြောင်း၊ ယူနန်တက္က သိုလ် School of Journalism အနေဖြင့်လည်း မြန်မာမီဒီယာနှင့် ပတ်သက်၍ မီဒီယာစင်တာကို ၂၀၁၄ ခုနှစ်မှစတင်ကာဖွင့်လှစ်ခဲ့ပြီး မြန်မာ မီဒီယာနှင့်ပတ်
သက်သည့်သုသေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းSchool of Journalism Yunnan University မှ Professor Vice Dean Ms. Shan Xiao Hong မှ ရှင်းလင်းပြောဆိုသည်။
မြန်မာမီဒီယာကဏ္ဍဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးဦးသက် ဆွေက ""၂၀၁၂ ခုနှစ်ကစပြီး စာပေ စိစစ်ရေးကိုပယ်ဖျက်ခဲ့ပြီး အဲဒီဌာနကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံ
ရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ PR ဌာနလက်အောက်မှာ
ထည့်သွင်းဖွဲ့ စည်းခဲ့ပါတယ်။ လက်ရှိပြန်ကြားရေးဝန်ကြီးဌာနအနေနဲ
့ ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာ၊အပတ်စဉ်ထုတ်ဂျာနယ်တွေ
ကို လွတ် လွတ်လပ်လပ်ထုတ်ဝေခွင့်ပေးထား ပြီးတော့ ဘာမှကန့်သတ်
ထိန်းချုပ်ထား တာမရှိပါဘူး""ဟု ပြန်လည်ပြောဆို ခဲ့သည်။
ယင်းအပြင် မီဒီယာကောင်စီ ကိုဖွဲ့စည်းပေးခဲ့ပြီး ယင်းကောင်စီ
နှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် နေကြောင်း၊ လက်ရှိတွင်ပြန်ကြား
ရေးဝန်ကြီးဌာနမှ ထုတ်ဝေခွင့်ပြု ထားသည့် နေ့စဉ်ထုတ်သတင်းစာ
၃၉ စောင်၊ အပတ်စဉ်စာစောင် ၄၇၃ စောင်၊ လစဉ် ထုတ် ၃၆၈ စောင်နှင့် ဘာသာရေး၊ ကျန်းမာရေးအထွေ ထွေစာစောင် ၁၀၉၅ စောင်တို့ကို ခွင့်ပြုပေးထားကြောင်း ၎င်းင်းကပြော သည်။
KZCH

No comments:

Post a Comment