Wednesday, November 23, 2016

မြောက်ကိုရီးယားခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ထောက်လှမ်းရေးသတင်းအချက်အလက်များ ဖလှယ်ရန် တောင်ကိုရီးယားနှင့် ဂျပန်သဘောတူ

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်နှင့် နျူကလီယားလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများနှင့် ပတ်သက်သော ထောက်လှမ်းရေးသတင်းအချက်အလက်များကို ဝေမျှရန် ဗုဒ္ဓဟူးနေ့တွင် စစ်ရေးဆိုင်ရာထောက်လှမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ တောင်ကိုရီးယားအစိုးရ အနေဖြင့် ဒုတိယကမ္ဘာစစ်ကြီးမပြီးဆုံးမီ ၁၉၂၀ နှစ်မှစတင်ကာ ကိုလိုနီလက်အောက်ကျရောက်နေချိန်တွင် ဂျပန်နိုင်ငံ၏ လုပ်ရပ်များအပေါ် ခါးသီးစွာခံစားနေရသော နိုင်ငံရေးပါတီအချို့နှင့် ပြည်သူ့ထံမှ သြဇာကြီးမားသော ပုဂ္ဂိုလ်များက ဆန့်ကျင်နေသော်လည်း သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်ရေးဆိုင်ရာသတင်းအချက်အလက် သဘောတူညီချက်ရေးရာ အထွေထွေလုံခြုံရေးသဘောတူညီချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားခဲ့သော်လည်း ပြည်တွင်းအတိုက်အခံများကြောင့် တောင်ကိုရီးယားနိုင်ငံက ရွှေ့ဆိုင်းခဲ့သည်။ အိမ်နီးချင်းနိုင်ငံများကြား ထောက်လှမ်းရေးသတင်းအချက်အလက်ဝေမျှမှု နည်းပါးခြင်း မြင့်တက်လာခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံက ပုံစံအမျိုးမျိုးရှိသော ဒုံးကျည်များကို လျှင်မြန်သော နှုန်းဖြင့် စမ်းသပ်လာခဲ့ပြီး ဒုံးကျည်တွင် နျူကလီယားထိပ်ဖူးတပ်ဆင်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်ဂို နှင့် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ယာဆူမာဆာ နာဂါမီနဲ က ဆိုးလ်မြို့တွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
Ref:Reuters

No comments:

Post a Comment