Saturday, November 19, 2016

မုံရွာတွင် ဆိုင်ကယ်စီး လင်မယားနှစ်ဦးကို စစ်ဆေးရာ ဘိန်းဖြူနှင့် စိတ်ကြွမူးယစ် ဆေးပြားများ ဖမ်းမိ

မုံရွာမြို့နယ် ဗန္ဓုလရပ်  ကွက်၊ မုံရွာ-ဘုတလင်ကားလမ်း တွင် ဆိုင်ကယ်စီးနင်းလာသော လင်မယားအား စစ်ဆေးရာမှဘိန်းဖြူနှင့် စိတ်ကြွမူးယစ်ဆေး ၀ါးများ နိုဝင်ဘာ ၁၇ ရက်က ဖမ်း ဆီးမိခဲ့ကြောင်း မုံရွာမြို့ မြို့မရဲ စခန်းမှ သတင်းရရှိသည်။ ဘုတလင်မြို့မှ မုံရွာမြို့သို့ ဆိုင်ကယ်မောင်းနှင်လာသော မင်းကင်းမြို့နယ် ဇလုပ်မကျေးရွာ နေ လင်မယားနှစ်ဦးအား သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းအကူ ဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ ၇၂ ဂရမ်နှင့် စိတ်ကြွမူးယစ်ဆေးပြား ၁၉၀ သိမ်းဆည်းရမိခဲ့သည်။ ‘လင်မယားနှစ်ယောက်စီး လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးတဲ့ အခါ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါ အမှုန့်ထည့်ထားတဲ့ ဆပ်ပြာခွက် ခြောက်ခွက်နဲ့ မူးယစ်စိတ်ကြွဆေး ပြား ၁၉၀ ပြားကို ဖမ်းဆီးရမိခဲ့တာ ပါ။ မူးယစ်ဆေးဝါးတွေ သယ် ဆောင်လာတဲ့ လင်မယားကို အ မှုဖွင့်စစ်ဆေးနေပါတယ်’’ဟု မုံရွာ မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်း ဆွေမြင့်က ပြောသည်။


အသက် (၄၂) နှစ်အရွယ် အမျိုးသားမောင်းနှင်ပြီး ဇနီးလိုက်ပါလာသော ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က စစ်ဆေးရာ အမျိုးသမီးလွယ်ထားသော လွယ်အိတ် အတွင်း ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့်ထည့်ထားသည့် ဆပ်ပြာခွက် ခြောက်ခွက် (၇၂ ဂရမ်ခန့်)၊ ပန်းရောင်စိတ်ကြွဆေး ပြား ၁၉၀ ပြား (၁၉ ဂရမ်ခန့်)၊ ငွေစက္ကူ ၁၉,၀၀၀ ကျပ်နှင့် ဖုန်း နှစ်လုံးတို့သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးသယ်ဆောင် လာသော လင်မယားနှစ်ဦးအား မုံရွာမြို့ မြို့မရဲစခန်းက မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဥပဒေပုဒ်မ ၁၅၊ ၁၉၊ ၂၀ (က)၊ ၂၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။ မျိုးမင်းဦး

No comments:

Post a Comment