Saturday, November 19, 2016

ရာထူးနဲ့နေရာလိုချင်လို့ ဒုဝန်ကြီးလုပ်ခဲ့တာမဟုတ်ဟု ဒေါက်တာထွန်းဝင်းပြော

ရာထူးနဲ့ နေရာအတွက်​ ဝန်​ကြီးလုပ်​ခဲ့ခြင်း မဟုတ်​​ဘူးလို့ တာဝန်ကရပ်စဲခံရတဲ့ စိုက်ပျိုးေ​​ရး ၊​မွေးမြူ​ရေးနဲ့ ဆည်​မြောင်း ဒုတိယဝန်ကြီး ​​​ဒေါက်​တာထွန်းဝင်းက​ပြောပါတယ်​။ "ကျွန်​​တော်​ ​နေရာအတွက်​လာတာ မဟုတ်​ဘူး ၊ ရာထူးလိုချင်​လို့ ဒီ​နေရာမှာ လုပ်​တာမဟုတ်​ဘူး"လို့ ​သူက​ပြောပါတယ်​။ နိုဝင်​ဘာလ ၁၉ရက်​​နေ့ နေ့လည်ပိုင်းက ​နေပြည်​​တော်​ရှိ ​ဒုဝန်​ကြီး အိမ်​ရာမှာ ဒေါက်တာထွန်းဝင်းကအထက်​ပါအတိုင်း​ပြောကြားခဲ့ခြင်းဖြစ်ပါတယ်​။ ​စိုက်​ပျိုး​ရေး ၊ ​မွေးမြူ​ရေးနဲ့ ဆည်​​မြောင်းဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးနဲ့ ဒီနှစ် စက်တင်ဘာလအတွင်းက အဆင်​မ​ပြေဖြစ်​ခဲ့ပြီး​နောက်​ပိုင်း ခုလို တာဝန်မှရပ်​စဲခံရတာဖြစ်​​ကြောင်းသူကဆိုပါတယ်​။ "ကျွန်​​တော်​မှာရှင်းပြခွင့် လုံးဝမရခဲ့ပါဘူး"လို့သူကထပ်ပြောပါတယ်​။ ​စိုင်းလမင်း

No comments:

Post a Comment