Friday, November 25, 2016

အစ္စရေးက ကြောက်စရာကောင်းတဲ့ မီး အကြမ်းဖက် ရို့မီးလေလား

အစ္စရေးနိုင်ငံရဲ့  တတိယအကြီးဆုံးမြို့တော် ဟိုင်ဖာက တောမီးပုံစံ မီးလောင်မူဟာ အကြမ်းဖက်တိုက်ခိုက်မူတစ်ခုဖြစ်နိုင်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ယူဆနေပါတယ်။ မနေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ပြန့်နှံ့လာပြီး ဒီကနေ့ ဟိုင်ဖာမြို့ကို ကူးစက်လာတာဖြစ်ပါတယ်။  ၂ လကြာ မိုးခေါင်ရေရှားဖြစ်နေပြီး လေပြင်းတိုက်ခိုက်ချိန်မှာ တောမီးပုံစံနဲ့ စတင်လောင်ကျွမ်းခဲ့တာပါ။ အချိန်တိုတိုလေးမှာ နေရာအနှံ့ ပြန့်နှံ့လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ အစ္စရေးအာဏာပိုင်တွေကတော့ တောမီးလို့ မယူဆပဲ ရို့မီးလို့ ယူဆနေပါတယ်။ ဟိုင်ဖာမြို့တော်ဝန်ကတော့ လောင်စာတွေရှိတဲ့နေရာကို စီးကရက်မီးနဲ့ အစီအစဉ်ရှိရှိ လုပ်တဲ့ ရို့မီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အစ္စရေးဝန်ကြီးချူပ်ကတော့ ရို့မီးဆိုတာ သက်သေပြနိုင်ပြီဆိုရင် အကြမ်းဖက်တိုက်ခိုက်မူတစ်ခုလို့ ယူဆပြီး ပြင်းပြင်းထန်ထန်လက်စားချေတုန့်ပြန်မယ်လို့ ပြောဆိုထားပါတယ်။

No comments:

Post a Comment