Saturday, November 19, 2016

ငွေတန်ဖိုး ကျဆင်းနေမှုကို တားဆီးရန် မလေးရှားဗဟိုဘဏ်က ဈေးကွက်တွင် ၀င်ရောက်ထိန်းညှိ

ရင်းဂစ်ငွေတန်ဖိုးကျဆင်းနေ မှုကို တားဆီးရန် မလေးရှားဗဟို ဘဏ်က ဈေးကွက်များတွင် ၀င်ရောက် ထိန်းညှိနေသည်ဟု အစိုးရတာဝန် ရှိသူတစ်ဦးက နိုဝင်ဘာ ၁၈ ရက် တွင် ပြောသည်။ အစိုးရတာဝန်ရှိသူ များသည် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာနေမှုကို ဖြေရှင်းရန် ကြိုး စားရုန်းကန်နေရသည်။ မလေးရှားဗဟိုဘဏ် လက် ထောက်အုပ်ချုပ်ရေးမှူး အက်ဒနန် ဇေလာနီက ၎င်းတို့အနေဖြင့် နိုင်ငံ ခြားငွေလဲလှယ်ရေး ဈေးကွက်တွင် ၀င်ရောက်ထိန်းညှိနေသည်ဟု သတင်း ထောက်များကို ပြောသည်။ အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရခဲ့သော ယခင် သီတင်းပတ်မှစ၍ မလေးရှားရင်းဂစ် တန်ဖိုးသည် ငါးရာခိုင်နှုန်းခန့် ကျဆင်းခဲ့ရသည်။ ရင်းဂစ်တန်ဖိုး ကျဆင်းရခြင်းသည် ငွေကြေးဖောင်းပွ မှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ အမေ ရိကန်ဒေါ်လာဈေးမြင့်တက်လာသည့် အချက်လည်း ပါဝင်သည်။

ဒေါ်နယ်ထရန့်ကသမ္မတ ဖြစ်လျှင် အခြေခံအဆောက်အအုံ ကဏ္ဍ၌ ပိုမိုသုံးစွဲပြီး အခွန်ငွေလျှော့ ချမည်ဟု ဆိုခဲ့သည်။ ထိုအစီအစဉ် ကို အကောင်အထည်ဖော်ရန် အမေ ရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုး နှုန်းမြင့်တက်လာဖွယ်ရှိသောကြောင့် ဒေါ်လာတန်ဖိုးကို မြင့်တက်စေခဲ့ သည်။
အက်ဒနန်ဇေလာနီက ဈေးကွက် တွင် ဗဟိုဘဏ်က အတင်းအကျပ် ၀င်ရောက် ထိန်းချုပ်မည်ဆိုသော သတင်းများသည် အခြေအမြစ်မရှိ ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဆိုး ကျိုးသာ ရရှိမည်ဖြစ်ကြောင်း ရှင်း လင်းပြောဆိုသည်။
မလေးရှားရင်းဂစ်တန်ဖိုးသည် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ဆက်တိုက်ကျဆင်းနေခဲ့သည်။ ကမ္ဘာ့ ရေနံဈေးကျဆင်းမှုနှင့် ၀န်ကြီးချုပ် ၏ လာဘ်စားမှုအရှုပ်တော်ပုံသည် မလေးရှားစီးပွားကို ထိခိုက်စေသည်။ မလေးရှားသည် ရေနံသဘာဝဓာတ် ငွေ့တင်ပို့မှုနှင့် ကုန်သွယ်ရေးလုပ် ငန်းအပေါ် မှီခိုအားထားနေရသည်။
Ref:AFP

No comments:

Post a Comment