Monday, November 28, 2016

မောင်တောဒေသခံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကူညီပေးမည်

မောင် တောဒေသရှိပျက်စီးနေသော ရေငန် တား တာတမံများကို အသစ်ဆည်ဖို့ ပေးသွား မည်ဖြစ်ပြီး မွေးမြူရေးကဏ္ဍ နှင့် ပတ်သက်၍လည်းနွားမျိုးမြှင့် တင်ရေး၊ ၀က်နှင့်ဆိတ်မွေးမြူရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  နယ်မြေမငြိမ်မသက်မှုများ မ ကြာခဏဖြစ်ပွားနေသည့် အတွက် မောင်တောဒေ သ ခံ အများစုမှာ အ လုပ်အကိုင်အဆင်မပြေခြင်း၊ စား ၀တ်နေရေး အဆင်မပြေခြင်းများ ကြုံတွေ့နေရပြီး လက်လုပ်လက်စား များမှာ အလုပ်လက်မဲ့ဖြစ်လာကြောင်း သိရှိရသည်။ "ရခိုင်ပြည်နယ် အစိုးရအနေနဲ့ မောင်တောဒေသတည်ငြိမ်စွာ ရေ ရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက် ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍတွေမှာ ယခင်ကထက် ပိုမိုအားထည့်လုပ် ဆောင်နေပါတယ်။ မောင်တောဒေသ မှာရှိတဲ့တောင် သူတွေအတွက် နည်း ပညာတွေ၊ သွင်းအားစုတွေပါ ဖြည့် ဆည်းပေးသွား မှာဖြစ်ပါတယ် " ဟု ရခိုင်ပြည်နယ် ၀န်ကြီးဦးကျော်လွင် က နိုဝင်ဘာ ၂၇ ရက်ကပြောကြား သည်။

မောင်တောနယ်စပ်ဒေသတွင် ဒေသခံတိုင်းရင်းသားများ ရေရှည် ဘ၀ရပ်တည်နိုင်ရေးအတွက် စိုက် ပျိုးရေးနှင့် မွေးမြူးရေး လုပ်ငန်းများ ကိုအစိုးရက ဦးစားပေးကူညီပေး သင့်ကြောင်း ဒေသခံများကပြောကြား ပြီး အောက်တိုဘာ ၉ ရက်ကဖြစ် ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက် မှုများကြောင့် မရိတ်သိမ်းရသေး သည့် မိုးစပါးများကိုနိုဝင်ဘာလ ကုန်ပိုင်းမှစတင်ကာ ပြန် လည်ရိတ် သိမ်းကြမည်ဖြစ်ကြောင်း မောင်တော မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့စိုက် ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တု ၀န်ကြီးဌာနအနေဖြင့် မောင်တော ဒေသတွင် ဆောင်း သီးနှံများတိုးချဲ့စိုက်ပျိုးသွားနိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး မကြာမီ ရခိုင် ပြည်နယ်မှထွက်ရှိသော ဆန်စပါးများ ကို တစ်ဖက်နိုင်ငံသို့ တိုက်ရိုက်ရောင်း ချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
NT

No comments:

Post a Comment