Monday, November 28, 2016

ဆိုင်ကယ်(၁)စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသူအား အမှုဖွင့်စစ်ဆေးလျက်ရှိ

ယမန်နေ့ နိုဝင်ဘာ 25 ညနေ ၄ နာရီ ၃၀ မိနစ်အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် အမှတ်(၁)ရပ်ကွက်၊ ရှုမဝလမ်းအရောက် ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်သူတစ်ဦးအား တွေ့ရှိ စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မင်းလှိုင်(၂၃)နှစ်ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံ တစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေခံဆိုင်ကယ်အားသိမ်းဆည်းပြီး ၎င်းအား ပုလောမြို့မရဲစခန်း (ပ)၂၄၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment