Wednesday, November 30, 2016

"ဖရီးပါမစ်ဖြင့်တင်သွင်းမည့် မော်တော်ယာဉ်များ ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြု"

ဖရီးပါမစ်ဖြင့် တင်သွင်းမည့် မော်တော်ယာဉ်များအားလုံး ၂၀၁၇ ခုနှစ် မူဝါဒအရ ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ေ မ်ာတော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ၂၀၁၇ ခုနှစ်အတွက် တင်သွင်းရမည့် ထုတ်လုပ်သည့် ခုနှစ်များကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေငြာသည်။ ၂၀၁၇ ခုနှစ်အတွက် တင်သွင်းရမည့် တင်သွင်းအမျိုးအစားအရ တင်သွင်းခွင့်ပြုသွားမည့် မော်တော်ယာဉ်၏ ထုတ်လုပ်ခုနှစ်များကို ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။ ယာဉ်အိုယာဉ်ဟောင်း အစားထိုးစီမံချက်အရ တင်သွင်းခွင့်ပြုမည့် မော်ဒယ်များမှာ လူစီးယာဉ်များအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီအောက်လူစီးယာဉ်များအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် တင်သွင်းရမည်ဖြစ်သည်။

၁၃၅၀ စီစီနှင့်အောက် လူစီးမော်တော်ယာဉ်အုပ်စုများထဲမှ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မော်ဒယ်များကို တင်သွင်းခဲ့လျှင် ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းရန် သတ်မှတ်ထားသည်။
ကုန်တင်ယာဉ်အုပ်စုများနဲ့ ခရီးသည်တင်ယာဉ်အုပ်စုများအတွက် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တင်သွင်းရန်သတ်မှတ်ထုတ်ပြန်ချက်အရ သိရသည်။ ဖရီးပါမစ်အတွက်
လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်ဖြင့် တင်သွင်းမည့် မော်တော်ယာဉ်များအတွက် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက်ကားများအပါအ၀င်) အားလုံးကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၊ ကုန်တင်ယာဉ်များအတွက် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင် မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြု ထားသည်။
ခရီးသည်တင်ယာဉ်များအတွက်(Express) ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၊ မီနီဘတ်စ်၊ စီးတီးဘတ်စ်များအတွက် ၂၀၀၇ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မော်တော်ယာဉ်များကုတင်သွင်းရမှာဖြစ်သည်။
လူတစ်ဦးချင်းအစီအစဉ် (ဖရီးပါမစ်) ဖြင့် တင်သွင်းမည့် မော်တော်ယာဉ်များ အားလုံးကို ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းရမှာဖြစ်သည်။
ဒါ့အပြင်အစိုးရဌာနအလိုက်အသုံးပြုရန် တင်သွင်းခွင့်လျှောက်ထားလာမည့် လူစီးယာဉ်များကိုလည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မော်ဒယ်များသာ တင်သွင်းရမှာဖြစ်ပြီး ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုသွားမည်ဖြစ်သည်။ လုပ်ငန်းသုံးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ် နှင့် ယန္တရားများကို ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဘယ်မောင်းမော်တော်ယာဉ်များကို တင်သွင်းရန် သတ်မှတ်လိုက်သည်။
ပြည်ပမှလှူဒါန်းသည့် မော်တော်ယာဉ်များမှ လူစီးမော်တော်ယာဉ်၊ ခရီးသည်တင်ယာဉ် ( Express) နှင့် ဘတ်စ်ကားများကို ဘယ်မောင်တစ်မျိုးတည်သာ တင်သွင်းခွင့်သတ်မှတ်ပြီး လုပ်ငန်းသုံးယန္တရား၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးဆိုင်ရာယာဉ်များကိုတော့ ဘယ်မောင်း ညာမောင်းခွဲခြားခြင်းမရှိဘဲ တင်သွင်းခွင့်ပြုထားသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှစပြီး တင်သွင်းမည့် မော်တော်ယာဉ်တွေထဲက လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်ယာဉ်များကို ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အတွင်း တင်သွင်းလျှင် ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment