Monday, November 28, 2016

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းနှင့် တောင်ဒဂုံ၊ သာကေတ တို့ရှိ ဖောက်ခွဲမှုများနှင့် ပတ်သက်သည့် မသင်္ကာအမျိုး သားတစ်ဦးကို သင်္ဃန်း ကျွန်းမြို့နယ်တွင် ဖမ်းမိ

ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအ တွင်း အသေးစားဖောက်ခွဲမှုများနှင့် တောင်ဒဂုံ၊ သာကေတ တို့ရှိ ဖောက် ခွဲမှုများနှင့် ပတ်သက်သည့် မသင်္ကာ သူအမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၆ရက်က သင်္ဃန်း ကျွန်းမြို့နယ် တွင် ဖမ်းဆီးရ မိ ခဲ့ကြောင်း သင်္ဃန်းကျွန်း မြို့နယ်ရဲတပ် ဖွဲ့မှသိရသည်။ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက " မသင်္ကာ သူဖော်ထုတ်ရာမှာ ပြည်သူတချို့ရဲ့ သတင်ပေးမှု၊ စီစီတီဗွီ ကင်မရာတွေ ကနေစောင့်ကြည့်မှု၊ နယ်မြေသတင်း ထောက်လှမ်းမှု စတာတွေကနေ ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ။ အခု ဖမ်းဆီးရမိထားတဲ့ အမျိုးသား က ရန်ကုန်မှာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း က ပေါက်ကွဲမူတွေဖြစ် ပွားခဲ့တဲ့ တောင်ဒဂုံ၊ သာကေတ၊ တိုင်းရုံးစတာ တွေမှာဖြစ်ခဲ့ တာတွေနဲ့ပတ်သက်ပြီး အသေးစိတ် တိုက်ဆိုင်နေတုန်းပါ။ သူနဲ့ပတ်သက်ဆက်နွှယ်တဲ့သူတချို့ ကိုလည်း ထပ်မံဖမ်းဆီးရမိဖို့ ဆောင် ရွက်နေပါတယ် " ဟု ပြောသည်။

ဖမ်းဆီးရမိသူမှာ ဦးခင်မောင်ရွှေ ဆိုသူဖြစ်ပြီး ၎င်းင်း၏နေအိမ်ကို ရဲတပ် ဖွဲ့ကရှာဖွေရာတွင် နေအိမ်နှင့်အနီးတစ် ၀ိုက်ရှိ သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်အမှိုက်ပုံအတွင်း ဖောက်ခွဲရေး ပြုလုပ်ရာတွင်အသုံးပြုသည့် အနက် ရောင် အိတ်နှစ် အိတ်ကိုရှာဖွေတွေ့ ရှိ ခဲ့ကြောင်း သိရသည်။
မသင်္ကာသူ၏ထွက်ဆိုချက်များ အရအမှိုက်ပုံအတွင်း လွှင့်ပစ်ထား သော အနက်ရောင်အိတ်နှစ်အိတ် တွင် ဖောက်ခွဲရေးပြုလုပ် ရာတွင်အသုံး ပြုသည့် ဆာလဖြူရစ် အက်စစ်ဟု ယူဆရသော အရည်သုံးပုံတစ်ပုံခန့် ပါရှိသည့် ပလတ်စတစ်ကော်ဘူးတစ် ဘူး၊ ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံး ပြုသည့် ဓာတုဗေဒအမှုန့်များထည့် ထားသည့် အဖြူရောင်အမှုန့် ၁၉၅ ဂရမ်ပါတစ် ထုပ်၊ ဖောက် ခွဲမူပြုလုပ် ရာတွင်သုံးပြုသည့် အရှည်သုံးလက်မ ခန့်၊ အချင်း သုည ဒသမ ၅ လက်မခန့် ရှိ K3EDTA စာတန်းပါ ခရမ်းရောင် အဖုံး ပိတ်နှင့် သွေးနမူနာရယူရာတွင် အသုံးပြုသည့် 3Mtabe ၁၄ချောင်း၊ ဖောက် ခွဲမှုပြုလုပ်ရာတွင် အသုံးပြု သည့် ဓာတုဗေဒအမှုန့်များထည့်ထား သည်ဟုယူ ဆ ရသော M 150 အနက် ရောင်ခုနစ်ပုလင်းတို့ကို စွန့်ပစ်ထား သော အမှိုက်ပုံ အတွင်းရှိ အိတ်နှစ်အိတ် အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
KMZ

No comments:

Post a Comment