Wednesday, November 30, 2016

ပေါင်မြို့နယ်တွင် မြန်မာ့မီးရထားပိုင် ဂိတ်တံခါးနှင့်ဝန်ထမ်းအိမ်ရာ ကို မော်တော်ယာဉ်တစ်စီး ၀င်တိုက်

မွန်ပြည်နယ် ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေး ရွာတွင် နိုဝင်ဘာ ၂၈ ရက် ညပိုင်း က မြန်မာ့မီးရထားပိုင် ရထားလမ်း ကူးဂိတ်တံခါးနှင့် ၀န်ထမ်းအိမ်ရာ အား မော်တော်ယာဉ်တစ်စီးက ၀င်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ေ မ်ာလမြိုင်မှ သထုံသို့ ရန်ကုန် တိုင်းဒေသကြီးနေသူ ယာဉ်မောင်း ဦးအောင်အောင်တုတ်(၅၀) နှစ် မောင်း နှင်လာသည့်Hi Ace ခဲရောင်ယာဉ် မှ အရှိန်မထိန်းနိုင်ဘဲ ရထားလမ်း ကူး ခုံးကျော်ဂိတ်တံခါးကို ၀င်ရောက် တိုက်မိခဲ့ပြီး ဂိတ်တံခါးအနီးရှိ မီး ရထားပိုင် ၀န်ထမ်းအိမ်ရာကို ဆက် လက်ဝင်တိုက်မိခဲ့ခြင်းဖြစ်ခဲ့ကြောင်း သိရသည်။ ""ကားက အရှိန်လွန်ပြီး ၀င်တိုက် တာ။ လမ်းအခြေနေအရ ထောင့်ချိုး လိုဖြစ်နေတော့ ဒီနေရာမှာ ခဏခဏ ဖြစ်နေသလြို ဖစ်နေတယ်။ ယာဉ် မောင်းကိုတော့ ဥပဒေအရ အမှုဖွင့် ထားပါတယ်""ဟု ပေါင်မြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။ေ မ်ာတော်ယာဉ်မှ ဂိတ်တံခါး နှင့် နေအိမ်အား ၀င်တိုက်မိသဖြင့် ဂိတ်တံခါးနှင့် နေအိမ်ပျက်စီးသွား ခဲ့ပြီး နေအိမ်အတွင်းမှ အိမ်သုံး ပစ္စည်းများလည်း ပျက်စီးခဲ့ကာ စုစု ပေါင်းကာလတန်ဖိုး ၄၅ သိန်း ကျော် ဖိုး ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းဖြစ်သူကို ပေါင်မြို့မရဲစခန်းမှ (ပ)၂၈၄/၂၀၁၆၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ AMT(MMK)

No comments:

Post a Comment